6

883 99 57
                                    

အချိန်တွေက ခပ်မြန်မြန်ကုန်သွားပြီးနောက် ဂျယ်ယွန်း ဆေးရုံတက်နေ‌တာ ယခုဆိုလျှင် ရှစ်ရက်လောက်ရှိသွားပြီဖြစ်သည်။

ယခုအချိန်တွင် ဂျယ်ယွန်း၏ အစာအိမ်က အနည်းငယ် သက်သာလာပြီဖြစ်ပြီး ဆန်ပြုတ်အစား အစာပျော့ပျော့များကိုပင် စားလို့ရနေ‌ေလပြီ။

အရင်လို နည်းနည်းလှုပ်ရှားမိတိုင်း ဗိုက်အောင့်လာတာမျိုးလဲမရှိတော့တာမို့ ဂျယ်ယွန်းနေပြန်ကောင်းလာပြီဟုတောင်ဆိုလို့ရသည်

သို့သော်လည်း ဆေးသောက်ရသည့်အချိန်တိုင်းတွင်တော့ ဂျယ်ယွန်းမပျော်မရွှင်ဖြစ်ကာ ငိုချင်နေမိစမြဲပင်။


ဆေးတစ်ခါသောက်ဖို့အရေးတစ်နာရီလောက်အချိန်ယူပြီးသောက်နေရသည်မို့ နာ့စ်မလေးများပင် သူ့အား သိပ်စိတ်မရှည်ချင်တော့ပါ။

သို့ပေမဲ့ ဂျယ်ယွန်းက ကြိတ်မှိတ်သည်းခံကာ ဆေးကိုပုံမှန်သောက်သဖြင့် တဖြည်းဖြည်းသက်သာလာလို့တော်ပါသေးသည်။

ဂျယ်ယွန်းက သူ့စိတ်ထဲတွင် ယခုလောက်ဆို ဆေးရုံကဆင်းလို့ရပြီဟုတောင် တွေးနေမိသည်။

ဂျယ်ယွန်းကဲ့သို့ပင် ဘယ်သူမဆို အနည်းငယ်နေကောင်းလာပြီဆိုသည်နှင့် ဆေးရုံမှာနေရမည့်အစား အိမ်မှာပဲပြန်နားချင်ကြမည်ဖြစ်သည်။

သို့သော် ဆေးရုံက ဆင်းလိုက်ပြီဆိုတာနှင့် သူ၏ အေးဂျင့်က အလုပ်ပြန်လုပ်ခိုင်းတော့မှာ ကျိန်းသေတာမို့ ဂျယ်ယွန်းအဖို့ ဆေးရုံဆက်တက်နေဖို့သာ တတ်နိုင်သည်။

လူနာ၀တ်စုံလေး၀တ်ထားသော ဂျယ်ယွန်းက သက်ပြင်းလေးချလိုက်သည်။

တခါတလေကျရင် သူ့ဘ၀က အရမ်းကန့်သတ်ခံထားရပြီး အဓိပ္ပာယ်မရှိသလိုပဲခံစားရသည်

သူ့မွေးရပ်မြေမှာတုန်းက လွတ်လွတ်လပ်လပ်ဖြင့် မြို့အနှံ့စက်ဘီးပတ်စီးရတာကိုလဲလွမ်းသည်၊ သဘောကောင်းတဲ့ အိမ်နီးနားချင်း ရွာသားများကိုလဲလွမ်းသည်၊ သူ့မိသားစုနှင့် အေးချမ်းစွာဖြတ်သန်းခဲ့ရသည့်ရက်တွေကိုလဲ သူတကယ်လွမ်းမိသည်။

𝘾𝙤𝙢𝙚 𝙃𝙚𝙧𝙚! 𝘽𝙖𝙗𝙚जहाँ कहानियाँ रहती हैं। अभी खोजें