12

556 97 18
                                    

[အေးမြတဲ့ မနက်ခင်းတစ်ခု၏အစမှာ စက်ဘီးလေးတစ်စီးဖြင့်‌ေကာင်‌ေလးတစ်‌ေယာက်က လမ်းကြားလေးတွေတစ်လျှောက် သွားလာလှုပ်ရှားလို့နေတယ်


ဆောင်းဦးနှောင်းပိုင်းဖြစ်တာမို့ အာရုဏ်တက်ချိန်မှာ ပတ်၀န်းကျင်တစ်ခုလုံးမြူတွေဆိုင်းလို့ရယ်


မြူ‌ေတွနဲ့ ‌မသဲမကွဲဖြစ်‌နေတဲ့ လမ်းကြားလေးထဲမှာ အိုဟောင်းနေတဲ့ စက်ဘီးလေးမှ ထွက်လာတဲ့ အသံ‌ေတွက တကျွိကျွိမြည်လို့နေတယ်


ထိုစက်ဘီးအဟောင်းလေးရဲ့ခြင်းထဲမှာတော့ သီတင်းစာလ်ိပ်တွေအပြည့်နှင့်ပေါ့



သီတင်းစာပို့တဲ့ကောင်လေးက သူ၏ စက်ဘီးကို ကျွမ်းကျင်စွာစီးရင်း တစ်အိမ်တက်တစ်အိမ်ဆင်း သီတင်းစာတွေလိုက်ပို့နေခဲ့တယ်



တချို့ အိမ်တွေဆိုရင်‌ေတာ့ သီတင်းစာအပြင် သူ့စက်ဘီးနောက်ခုံမှာသယ်လာတဲ့ နွားနို့ဘူးတွေကိုပါ ပို့ပေးရင်း အပို၀င်ငွေရှာလေ့ရှိတယ်။



ကောင်လေးက လှုပ်လှုပ်ရှားရှားဖြင့် အလုပ်ကြိုးစား‌ေနရှာ‌ေသာ် လည်း အအေးဓာတ်က လျော့မသွားဘဲ ပို၍ တိုးလာသယောင်။


အေးစိမ့်စိမ့်ဖြစ်နေသော လေများက သူ၏ အပေါက်ပြဲရာ အဖာရာတွေပြည့်နေတဲ့ အ၀တ်အစားများမှ တဆင့် သူ့ခန္ဓာကိုယ်အနှံ့တိုး၀င်လို့နေတယ်



ဂျိတ်ခ်ဆိုတဲ့‌သီတင်းစာပို့သမား‌‌ေလးက အိမ်တစ်လုံး‌ေရှ့တွင် သီတင်းစာလိပ်ကို ပစ်ထည့်လိုက်ရင်း သူ့ရဲ့ အစိမ်းရောင် ကုတ်အကျီအဟောင်းလေးကို တင်းတင်းစေ့လိုက်တယ်



ထို့နောက် ခေါင်းပေါ်မှာဆောင်းထားတဲ့အညိုရောင် Beret ဦးထုပ်လေးကိုပါ ဆွဲချကာ နောက်တစ်အိမ်သို့ ခရီးဆက်ပြန်တယ်



ဂျိတ်ခ်ရဲ့ ခြေထောက်တွေ ညောင်းလာတဲ့အခါမှာ သူ့ခြင်းထဲက သီတင်းစာတွေကလဲ ကုန်သလောက်ဖြစ်နေပြီး သူ့စက်ဘီးလေးက ကျွန်းတစ်ပတ်အနှံ့ပတ်လို့ပြီးနေပြီလေ


နေမထွက်လာသေးသော်လည်း မြူတွေက တဖြည်းဖြည်းရှင်းလင်းလာပြီး လှပတဲ့ ရှေးခတ်အဆောက်အဦး‌ေတွနဲ့ ရှေးကျတဲ့လမ်းသွယ်တွေကိုပေါ်လွင်လာစေတယ်။


You've reached the end of published parts.

⏰ Last updated: Apr 06 ⏰

Add this story to your Library to get notified about new parts!

𝘾𝙤𝙢𝙚 𝙃𝙚𝙧𝙚! 𝘽𝙖𝙗𝙚Where stories live. Discover now