9

483 92 30
                                    

ဆောင်းဟွန်းတစ်ယောက် ဂျယ်ယွန်းအိမ်သို့ နောက်ဆုံးတစ်‌ေခါက်လာလည်ပြီးသည့်အချိန်မှစ၍ သုံးပတ်ခန့်ကြာသွားပြီ၏။

အဆိုတော်တစ်ယောက်အတွက်‌ေတာ့ album အသစ်မထွက်ခင်အချိန်နှင့် ထွက်ပြီးကာစအချိန်များက အလွန်အမင်းအလုပ်များသည့်အချိန်ကာလဖြစ်သည်။


ထို့ကြောင့် နောက်လတွင် album အသစ်ထွက်ရှိမည့် ဂျယ်ယွန်းသည်လဲ အိပ်ချိန်စားချိန်ပင်မမှန်တော့‌ေလာက်အောင် အလုပ်များလျက်ရှိသည်။


Album မှာ ပါမည့် သီချင်းတစ်ပုဒ်စီတိုင်းအတွက် အထပ်ထပ်အခါခါ အသံသွင်းကာ အကောင်းဆုံးဖြစ်သည်အထိ ပြင်ဆင်စိစစ်နေရသည်မို့ လတ်တ‌ေလာတွင် သီချင်းတွေကလွဲပြီး တခြားဘာကိုမှ  ဂျယ်ယွန်း အာရုံစိုက်မအားပေ။


ဤသို့ဖြင့် ဂျယ်ယွန်း ဂရုမစိုက်အားသည့်အရာများထဲတွင် တစုံတယောက်သော ရုပ်ရှင်ဧကရာဇ်ကြီးကလဲ အပါအ၀င်ဖြစ်သွားခဲ့‌ေတာ့သည်။


ထို့ကြောင့်ပင် idolအဆိုတော်လေးထံမှ လျစ်လျူရှုခံထားရသော ရုပ်ရှင်ဧကရာဇ်ကြီးမှာတော့ ပျော်‌မနေမှာသေချာပါ၏။


...



ဆည်းဆာ‌‌ေနှာင်းချိန်ဖြစ်တာမို့ ကောင်းကင်ကြီးကို တိမ်ရောင်စုံတွေနှင့် အလှဆင်ထားကာ တောက်ပသော လိမ္မော်ရောင်အလင်းက သီးသန့်ဗီလာ၏ ဧရိယာတစ်ခုလုံးကိုလွှမ်းခြုံလို့ထားသည်။


ညနေခင်း၏ လှပသော‌ေန‌‌ေရာင်ခြည်က မျက်နှာကြက်မှ ကြမ်းပြင်အထိ တပ်ဆင်ထားသော မှန်နံရံများမှတဆင့် ဗီလာဒုတိယထပ်ရှိအိပ်ခန်းအတွင်းဖြာကျလျက်ရှိသည်။


မှန်ပြတင်းဘေးရှိ ကော်ဖီစားပွဲတစ်ခုတွင်တော့ အမျိုးသားတစ်ယောက်က ခြေချိတ်ရင်း မြင့်မြတ်သည့်အမူအရာဖြင့်ထိုင်နေသည်။


ထိုသူက သူ၏ရှည်လျားကာဆွဲဆောင်မှုရှိသောခြေတံများကို ချိတ်ထားကာ သူ၏ လှပသောလက်ချောင်းများကြားတွင် ဝိုင်နီတစ်ခွက်ကိုကိုင်ထားပြီး ဖြေးဖြေးချင်း လှုပ်ယမ်းနေသည်။


သူက မှန်နံရံမှတဆင့် မြင်နေရသော အဝေးတစ်‌ေနရာရှိမြစ်ပြင်‌ကျယ်ကြီးနှင့်ဆည်းဆာအလှကို ငေးမောနေရင်း လက်ထဲက ဝိုင်ကိုတစ်ငုံသောက်လိုက်သည်။

𝘾𝙤𝙢𝙚 𝙃𝙚𝙧𝙚! 𝘽𝙖𝙗𝙚Where stories live. Discover now