10

574 95 116
                                    

သူလွမ်းနေခဲ့ရတဲ့ သူကိုမြင်လိုက်ရတဲ့အခါ ဆောင်းဟွန်း မျက်၀န်းများက သူတောင်သတိမထားလိုက်မိခင် နူးညံ့သိမ်မွေ့သွားသည်။


စခရင်တစ်ဖက်မှဂျယ်ယွန်းကလဲ ဆောင်းဟွန်းကိုသာ တိတ်တဆိတ်ကြည့်နေလိုက်သည်။

ဆောင်းဟွန်းက ဘယ်မိ‌န်းကလေးမဆို မလွန်ဆန်နိုင်‌ေလာက်သော သူ၏ ဆွဲဆောင်မှုရှိသော အပြုံးဖြင့် ဂျယ်ယွန်းကိုပြုံးပြလိုက်သည်။


"ဒီနေ့ အစောကြီး အလုပ်ဆင်းရတာလား"


"အွန်း ဟုတ်တယ် ဒါနဲ့လေ အစ်ကိုသိလား ကျွန်တော်‌တို့ company က ပိုင်ရှင်ပြောင်းသွားပြီတဲ့"


ပတ်ခ်ဆောင်းဟွန်းက ကောင်းကောင်းကြီးသိတာပေါ့...အဲ့ဒီ့ပိုင်ရှင်က သူကိုယ်တိုင်ပဲလေ။


သို့သော်လည်း ရုပ်ရှင် ဧကရာဇ်ပတ်ခ်က သူ၏ ပြောင်မြောင်လှသော သရုပ်ဆောင်စွမ်းရည်တွေကိုအသုံးချကာ ထင်မှတ်မထားဘဲ အံ့အားသင့်သွားတဲ့ အကြည့်လေးကိုထုတ်ပြလိုက်သည်။


"တကယ်ကြီးလား ရုတ်တရက်ကြီး ပိုင်ရှင်ပြောင်းသွားတာ ထူးဆန်းတယ်နော်"


ဂျယ်ယွန်းက သူတစ်ယောက်တည်း အဲ့ဒီလိုတွေးနေမိတာမဟုတ်ဘဲ အတွေးတူ‌ေနတဲ့ အဖော်ရှိသွားမှန်း သိသွားတဲ့အခါ စိတ်အားတက်ကြွစွာ ခေါင်းညိတ်ရင်း ထောက်ခံလိုက်စည်။



"အဲ့ဒါပြောတာလေ တကယ်ပဲရုတ်တရက်ဆန်လွန်းတယ်"


ဆောင်းဟွန်းက အပြစ်ကင်းစင်ကာ သိချင်စိတ်ဖြင့် မေးဟန်ပြုလိုက်သည်။


"ပြောပါဦး မင်းရဲ့ သူဌေးအသစ်ကရော ဘယ်လိုလဲ"


"မဆိုးပါဘူး သူဌေးအသစ်ကို အဝေးကနေပဲမြင်ဖူးတာဆိုပေမယ့် ကျွန်တော်မြင်ရသလောက်တော့ သဘောကောင်းပြီး ရည်မွန်တဲ့ပုံပေါ်တယ် သူအုပ်ချုပ်ပုံက ထက်လဲထက်မြတ်တယ်လို့ပြောရမယ် ရက်အနည်းငယ်ပဲရှိသေးပေမယ့် company က အရင်ကထက်ပိုပြီး‌ေကာင်းလာနေပြီလေ

အရေးအကြီးဆုံးကတော့ အနုပညာရှင်တစ်ယောက်ချင်းစီအတိုင်းအပေါ်ကိုဂရုတစိုက်နဲ့ကောင်းပေးတာပဲ အဲ့ဒီ့တစ်ချက်နဲ့တင် အရင်သူဌေးထက်အများကြီး သာနေပြီဗျ"


𝘾𝙤𝙢𝙚 𝙃𝙚𝙧𝙚! 𝘽𝙖𝙗𝙚Where stories live. Discover now