7

563 103 91
                                    

"ပြန်ပြောကြည့် မင်းအခန်းထဲကိုရောက်နေတာဘယ်သူလဲ"



ဂျယ်ယွန်းက ဆောင်းဟွန်း၏ အနီးကပ်မျက်နှာချောချောထံမှ ချက်ချင်း ဖမ်းစားခံလိုက်ရပြီး အတော်ကြာ တိတ်ဆိတ်ကာမိန်း‌ေမာနေမိ‌သည်။



ကောင်လေးက သူ့ကို အူကြောင်ကြောင်ဖြင့်မော့‌ကြည့်နေတာကြောင့် ဆောင်းဟွန်းမျက်၀န်းနက်များက စိတ်မရှည်သည့်အရိပ်အယောင် ဖြတ်ပြေးသွားရင်း လျှာကို စုပ်သပ်လိုက်သည်။



"ကျစ် ပြောလေ ကိုယ့်နာမည်ကဘယ်သူလဲ"



ဂျယ်ယွန်းက ဆောင်းဟွန်းအသံကြားမှ သတိကပ်သွားပြီး ခပ်မြန်မြန်ဖြေလိုက်သည်။



"စီ...စီနီယာ ဆောင်းဟွန်း"



ဆောင်းဟွန်းနှင့် သူ၏မျက်နှာက စင်တီမီတာအနည်းငယ်သာကွာဝေးနေပြီး ဆောင်းဟွန်း၏ လက်မက ဂျယ်ယွန်း၏ လှပသေသပ်သော မေးစေ့ထိပ်ဖျားအား ခပ်ဖွဖွပွတ်သပ်နေတာကြောင့် ဂျယ်ယွန်းခမျာ စင်ပေါ်တက်ဖျော်ဖြေရခြင်းထက် ရင်တုန်ပန်းတုန်ရှိနေသည်။



"သန့်ရှင်းရေးအဒေါ်ကြီးမဟုတ်တော့ဘူးလား"




မျက်ခုံးပင့်ကာ‌ေမးလာ‌ေသာဆောင်းဟွန်း‌ေကြာင့် ဂျယ်ယွန်းမှာ တစ်စက္ကန့်မှမတုံ့ဆိုင်းရဲဘဲ လျှင်မြန်စွာဖြင့် ခေါင်းကို ခါယမ်းလိုက်သည်။




"မဟုတ်ပါဘူး"




ဆောင်းဟွန်းက ဘာမှမပြောဘဲ သူ့ကိုသာစူးစိုက်ကြည့်နေတာကြောင့် ထိုအကြည့်စူးစူးတွေကိုမရင်ဆိုင်ရဲသည့်ဂျယ်ယွန်းက ‌ခေါင်းကိုငုံ့ကာ အပြစ်မကင်းဟန်လေးဖြင့် တိုးတိုးလေး‌ေတာင်းပန်လိုက်သည်။




"ကျွန်တော်...တောင်းပန်ပါတယ်"



ဆောင်းဟွန်းက ခေါင်းငုံ့ထားသည့် ကောင်လေး၏မေးဖျားကို ထပ်မံပင့်တင်လိုက်ပြီးအကြည့်ချင်းဆုံစေ၏။



ထိုလူ၏လက်ချောင်းထိပ်များ က သူ့ အရေပြားကိုထိ‌‌ေတွ့‌ေနပြီးထိုသူလှုပ်ရှားလိုက်တိုင်း သူ့ခန္ဓာကိုယ်တွင်စွဲနေသော စီးကရက်အနံ့က ပိုပြင်းလာသည်။




𝘾𝙤𝙢𝙚 𝙃𝙚𝙧𝙚! 𝘽𝙖𝙗𝙚Where stories live. Discover now