8

511 93 58
                                    

ဤသို့ဖြင့် သုံးလကြာပြီးနောက်...

အချိန်ကား အတော်လေးညဉ့်နက်နေပြီဖြစ်သော်ငြား မြို့ပြ၏ အလှတရားက အခုအခါမှ ပိုပြီး အသက်၀င်နေဟန်ရှိသည်။

ကားလမ်းပိတ်သည်အထ်ိ မဆိုးရွားသော်လည်း လမ်းမထက်တွင် ပြေးလွှားနေသော ကားများစွာက စီတန်းလျက်ရှိနေ‌ေသး၏။

လမ်းမ‌ထက်တွင် ပုံမှန်အရှိန်ဖြင့်မောင်းနှင်လျက်ရှိသော နာနီကားတစ်စီးအတွင်းတွင်တော့ လူငယ်လေးတစ်ယောက်လိုက်ပါလာသည်။


ကောင်လေးက ငြိမ်သက်စွာထိုင်လျက် မှန်အမဲတပ်ထား‌ေသာ ကားပြတင်း‌ပေါက်မှတဆင့် အပြင်ဘက်ကိုငေးမော‌နေခဲ့သည်။


မှန်ပေါ်တွင် ပုံရိပ်ထင်ဟပ်နေသော မျက်နှာလေးက  ပုံမှန်အတိုင်း နှစ်လိုဖွယ်ကောင်း‌ေနသော်လည်း မျက်ခုံးတန်းလေးတွေက နိမ့်ကျနေပြီး သူ့မျက်၀န်းလေးတွေက ပင်ပန်းနွမ်းလျနေဟန်ပေါ်‌ေနသည်။


မနက်အာရုဏ်တက်ချိန်ကတည်းက စတူဒီယိုကိုအ‌ေပြးအလွှားထသွားကာ ညဥ့်နက်သန်း‌ေခါင်မှ အိမ်ပြန်ဖြစ်သော ဂျယ်ယွန်းအဖို့ မပင်ပန်းတာကမှ ထူးဆန်းနေဦးမည်ပင်။


တနေကုန်အသံသွင်း‌ေနရတာ‌ေကြာင့် ယခုဆိုလျှင် သူ့လည်ချောင်းက ခြောက်ကပ်ကာ ထွက်လာသည့်အသံကလဲ အက်ရှရှပင်ဖြစ်ချင်နေပြီ။

ကောင်းကောင်းအနားယူချိန်မရှိသည့် သူ့ခန္ဓာကိုယ်က ပင်ပန်းလွန်းနေတာကြောင့် ဂျယ်ယွန်းက သက်ပြင်းချကာ မျက်လုံးများမှိတ်ထားရင်း မျက်ခုံးအလည်နေရာကိုဖိနှိပ်နေခဲ့သည်။


လွန်ခဲ့သောသုံးလက ဆေးရုံဆင်းသည့်အခါမှစ၍ သူ၏ အေးဂျင့်က  သူ့ရောဂါပြန်ဖြစ်မည်စိုးကာ အချိန်ဇယားများအပြည့်အကြပ်မလုပ်ဘဲ တွန်းအားမပေးတော့သည်မို့ ဂျယ်ယွန်း၏ အစာအိမ်က တစ်လအတွင်း သက်သာလာသည်ဟုဆိုရပေမည်။


ဂျယ်ယွန်း၏ အေးဂျင့်ကတော့ ထိုအခိုက်အတန့်ကိုစောင့်မျှော်နေသည်ဟုပင်ထင်ရလောက်အောင် ထိုအချိန်မှစ၍ အရင်လို အလုပ်များကို နားချိန်မရှိခိုင်းပါတော့သည်။

𝘾𝙤𝙢𝙚 𝙃𝙚𝙧𝙚! 𝘽𝙖𝙗𝙚Where stories live. Discover now