Chapter 22

1K 84 0
                                    

အခန်း (၂၂) ငါ့ကို အဝတ်တွေချွတ်ဖို့ကူညီပေးဦး

ပေချင်းချင်း သူ(မ)ရဲ့မျက်ရည်တွေကို ချုပ်တည်းလိုက်တယ်။ ရုတ်တရက် သူ(မ)ပြောခဲ့တဲ့အရာတွေကို ပြန်ရုတ်သိမ်းချင်လာတယ်။

ချန်ကျားကျီ ဒီလောက်အသန့်ကြိုက်မယ်လို့ သူ(မ) မထင်ခဲ့ဘူး။အပြင်ကို ၁၀ မိနစ်ကျော်ကျော်လောက်လေးပဲထွက်လိုက်တာကို ပြန်ရောက်တာနဲ့ သူက ရေချိုးချင်နေပြီ။

ပေချင်းချင်း သူ(မ)ရဲ့အနာဂတ်အတွက် စိတ်ပူစပြုလာတယ်။သူသာ ဒီလိုနေ့တိုင်း ရေချိုးနေမယ်ဆိုရင် သူ(မ) ခြေကုန်လက်ပန်းကျပြီး မြန်မြန်သေသွားလိမ့်မယ်။

ဒါပေမဲ့ အခုအချိန်မှာ ချန်ကျားကျီက ကြင်ကြင်နာနာပြော​​ပြီး သူ(မ)ဘက်မှာ ရပ်တည်ပေးခဲ့တဲ့အတွက် သူ့ရဲ့တောင်းဆိုမှုကို ငြင်းလိုက်လို့မရဘူး။

ပေချင်းချင်း ရေချိုးခန်းထဲကို သွားလိုက်တယ်။ ပြီးတော့ရေချိုးခန်းရဲ့အပူချိန်ကို  လူတစ်ယောက်အတွက် သင့်တော်မဲ့အပူအချိန်​အထိချိန်ညှိပေးခဲ့ပြီး ရေချိုးကန်ထဲကို ရေဖြည့်ပေးခဲ့တယ်။

ပြီးတော့ ပုံမှန်အတိုင်း ချန်ကျားကျီရဲ့ ခန္ဓာကိုယ်ကို သူ(မ)ပခုံးနဲ့ တွဲပြီး ရေချိုးခန်းထဲကို ဖြည်းဖြည်းချင်းလျှောက်လာခဲ့တယ်။

”ဟူး..” ပေချင်းချင်းနှဖူးမှာ ချွေးတွေစို့လာတယ်။

ချန်ကျားကျီကို ဒီလိုမျိုး နှစ်ခေါက်လောက်တွဲပေးရတာက သူ(မ)အတွက်တော့ ပုံမှန်လေ့ကျင့်ခန်းလုပ်ရတာနဲ့ညီမျှတယ်။

”ကျွန်မ ရေအပူချိန်ကို စစ်​ပြီးပြီ။ ရှင် ရေအရင်ချိုးလိုက်ဦး။ပြီးသွားရင် ကျွန်မကိုခေါ်လိုက်။”

ပေချင်းချင်း အဲ့လိုပြောပြီး ထွက်လာဖို့ပြင်လိုက်တယ်။

”နေဦး။”

ပေချင်းချင်း သူ(မ)ရဲ့နောက်မှာရှိတဲ့လူကို မသင်္ကာသလိုကြည့်လိုက်တယ်။

”ငါ့ကို အဝတ်တွေ ချွတ်ဖို့ ကူညီပေးဦး။ ငါအားမရှိတော့လို့။” ချန်ကျားကျီရဲ့ အသံက ဆွဲဆောင်မှုရှိပြီး ​ပျင်းရိနေတယ်။

အစားထိုးခံအိမ်ထောင်ရေးWhere stories live. Discover now