Chapter 21 (Z)

492 8 0
                                    

အခန်း (၂၁)  သူ(မ)သေချာ​ပေါက် ပြန်ရလိမ့်မယ်

”မစ္စလု။ ကြမ်းပြင်က အေးတယ်။ ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်​ပါ။ ဒီနေရာက ထလိုက်တာ ပိုကောင်းပါတယ်။”  ဘဏ္ဍာစိုးကျောင်းက ရယ်ချင်တာကိုထိန်းထားပြီး ကြမ်းပြင်ပေါ်မှာ အခုထိ ရှိနေသေးတဲ့ လုယောင်ကို ယဉ်ကျေးစွာ ပြောလိုက်တယ်။

လုယောင် ဘဏ္ဍာစိုးကျောင်းကို ​စိုက်ကြည့်လိုက်တယ်။သူက သူ(မ)ကို အရှက်ကွဲအောင် လုပ်နေတာလား။

သူ(မ) ချန်ကျားကျီကို လှည့်ကြည့်လိုက်တယ်။ သူက ဘာမှမဖြစ်သလိုမျိုး ပေချင်းချင်းလက်တွေကို ညင်ညင်သာသာနဲ့ ပွတ်သပ်ပေးနေတုန်းပဲ။

လုယောင် ဒေါသတွေထွက်လာတယ်။ ဒါပေမဲ့ သူ(မ)ကြမ်းပြင်ပေါ်မှာ ဆက်လှဲနေဦးမယ်ဆိုရင် သူ(မ)ကိုယ်သူ(မ) အရှက်ခွဲသလိုပဲ​ဖြစ်နေမှာ။

သူ(မ) ဒေါသတကြီးနဲ့ ထလိုက်ပြီး သူ(မ)ကိုယ်ပေါ်က ဖုန်တွေကိုခါလိုက်တယ်။

သူ(မ)အသံကို နူးညံ့ချိုသာအောင် ထပ်ကြိုးစားလိုက်ပြီး

”အစ်ကိုကျားကျီ​က အိမ်အကူတစ်ယောက်အပေါ် တကယ်ကိုကောင်းပေးနေတာပဲ...…”

သူ(မ)စကားလုံးတွေထဲက မနာလိုမှုတွေကို လူတိုင်း မြင်နိုင်တယ်။

ချန်ကျားကျီ အဲ့ဒါကို ကြားလိုက်တော့  လုယောင်ကို အေးစက်တဲ့အကြည့်တွေနဲ့ ကျောချမ်းစရာကောင်းလောက်အောင် စိုက်ကြည့်လိုက်တယ်။

”မင်းက ဒီလောက်သိသာနေတဲ့အချက်ကိုတောင် နားလည်သေးပုံမရဘူးပဲ!" ချန်ကျားကျီရဲ့ပင်ကိုဖိနှိပ်တတ်တဲ့ ပုံစံက လူတိုင်းကိုကျောချမ်းစေသွားတယ်။လုယောင် ချန်ကျားကျီကို ဒီလိုပုံစံမျိုးနဲ့ တစ်ခါမှ မမြင်ဖူးဘူး။ပြီးတော့ သူ(မ)ကို ဒီလိုဆက်ဆံတဲ့သူ တစ်​ယောက်မှမရှိခဲ့ဖူးဘူး။

”အစ်ကိုကျားကျီ ဘာကိုဆိုလိုတာလဲ။” လုယောင် ကြောက်ရွံ့နေတဲ့ကြားက မေးလိုက်တယ်။

ချန်ကျားကျီ သူ့မျက်လုံးတွေကိုမှေးကျဉ်းလိုက်ပြီး ပေချင်းချင်းရဲ့လက်ကိုကိုင်ထားရင်းနဲ့ ” ပေချင်းချင်းက ငါ ချန်ကျားကျီ တရားဝင်လက်ထပ်ထားတဲ့ ငါ့ရဲ့ဇနီးပဲ။ သူ(မ) 'ချန်'လုပ်ငန်းရဲ့ ပထမသခင်မလေးဆိုလည်းဟုတ်တယ်။သူ(မ)မကောင်းကြောင်းပြောဖို့ ဘယ်သူ့ကိုမှ ငါခွင့်မပြုဘူး။"

အစားထိုးခံအိမ်ထောင်ရေးDonde viven las historias. Descúbrelo ahora