Chapter 16 (Z)

514 7 0
                                    

အခန်း(၁၆) အထင်မှားစရာအခြေအနေတစ်ခု

ပေချင်းချင်း စိတ်မပါလက်မပါနဲ့လှည့်ကြည့်လိုက်ပြီး ”ဘာဖြစ်ပြန်ပြီလဲ” ဆိုတဲ့အကြည့်နဲ့ ချန်ကျားကျီကို ရင်ဆိုင်လိုက်တယ်။

ချန်ကျားကျီ သူ(မ)ကိုမော့ကြည့်လိုက်တဲ့အချိန်မှာ သူ့နှုတ်ခမ်းတွေက ကွေးညွတ်သွားတယ်။

”ငါ့နောက်ကျောက နည်းနည်းနာနေလို့ ခေါင်းအုံးကို ကူရွှေ့ပေးဦး။”

သူ့မျက်နှာမှာ အပျော်တွေနဲ့ပြည့်​နှက်နေတယ်။ ပေချင်းချင်းကတော့ သူနာကျင်နေတယ်ဆိုတာကို လုံးဝမယုံပါဘူး။

ပေချင်းချင်း မသင်္ကာတဲ့မျက်လုံးတွေနဲ့ စိုက်ကြည့်လိုက်တယ်။ ဒါပေမဲ့ သူ(မ)ရဲ့လက်တွေက တံခါးလော့ကိုလွှတ်လိုက်ပြီး ပြန်ဝင်လာခဲ့တယ်။

ချန်ကျားကျီက တစ်ခြမ်းစောင်းပြီး လှဲနေတာကြောင့် ပေချင်းချင်း သူ့နောက်က ခေါင်းအုံးကို ရွှေ့ပေးဖို့ကုန်းလိုက်တယ်။

ဒါ​ပေမဲ့ သူ(မ)ပိုပြီးကုန်းလိုက်တဲ့အခါ သူတို့နှစ်ယောက်ရဲ့ အနေအထားက ပိုနီးကပ်သွားတယ်။

အဝေးကနေကြည့်ရင် သူတို့က တစ်ယောက်နဲ့တစ်ယောက် တီးတိုးစကားပြောနေကြတဲ့ စုံတွဲတွေလိုပဲ။ ပေချင်းချင်းက ဒါကိုလုံးဝသတိမထားမိပေမဲ့ အဲ့ဒါက လုယောင်ကို စိတ်မသက်မသာဖြစ်စေတယ်။

သူ(မ)က အိမ်အကူတစ်ယောက်ဆိုပေမဲ့ ချန်ကျားကျီနဲ့ ဘာလို့ ရင်းနှီးနေရတာလဲ။  သူ(မ) ပေချင်းချင်းကို ပြေးပြီးတွန်းပစ်ချင်နေတယ်။

”မလှုပ်နဲ့လေ။"

သူ(မ) ခေါင်းကို လွယ်လွယ်ကူကူရွှေ့ပေးလို့ရတယ်ဆိုပေမဲ့ ချန်ကျားကျီက လုံးဝမပူပေါင်းပေးဘူး။

လုယောင်အံ့သြသွားတယ်။ ဒီအိမ်အကူက ဘယ်လိုအသံမျိုးနဲ့ ပြောလိုက်တာလဲ။ ချန်ကျားကျီက ဘယ်လိုလူမျိုးလဲဆိုတာ သူ(မ)မသိဘူးလား။ သူ(မ)က သူ့ကိုအမိန့်ပေးရဲလောက်တဲ့အထိ ဘယ်လိုတောင်တုံးအလွန်းရတာလဲ။

လုယောင်တစ်ယောက် ပေချင်းချင်း ဆူငေါက်ခံရပြီး အိမ်ပေါ်ကကန်ချခံရတော့မယ်လို့ တွေးနေမိတယ်။

အစားထိုးခံအိမ်ထောင်ရေးWhere stories live. Discover now