Chapter 14 (Z)

444 4 0
                                    

အခန်း (၁၄)   ချန်ကျားကျီရဲ့ ငယ်ချစ်ဦး

သူ(မ) ချန်ကျားကျီနဲ့ ရေချိုးခန်းထဲလိုက်လာပြီး ရေချိုးဖို့ အကုန်လုံးကူညီပေးခဲ့တယ်။

ထို့နောက် ဘဏ္ဍာစိုးကျောင်းက ဧည့်သည်​တွေကို ခေါ်လာခဲ့တယ်။

လူနှစ်ယောက်အခန်းထဲဝင်လာတယ်။ ဒေါက်တာလျောင်က ရှေ့ကလျှောက်လာပြီး သူ့မျက်နှာမှာ စိုးရိမ်မှုတွေနဲ့ပြည့်နေတယ်။

သူ့ရဲ့နောက်မှာတော့ အရောက်တောက်တောက်အဝတ်အစားတွေကို ဝတ်စားထားတဲ့ အမျိုးသမီးတစ်ယောက်ပါလာတယ်။ သူ(မ)ရဲ့ ဝတ်စုံက သူ(မ)ရဲ့ ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်ကို ပေါ်လွင်စေတယ်။လှုပ်ရှားမှုတိုင်းက သူ(မ)ရဲ့ထူခြားတဲ့စိတ်နေစိတ်ထားနဲ့ ကျက်သရေရှိမှုတွေကို ပြနေတယ်။

ပေချင်းချင်း အဲ့ဒီအမျိုးသမီးကို ချန်ကျားကျီနဲ့ လက်မထပ်ခင်ကတည်းက မြင်ဖူးတယ်။ သူ(မ)က TV တွေမှာ မကြာခဏပါတတ်တယ်။

အဲ့ဒီအမျိုးသမီးက နာမည်ကြီးစန္ဒာရားပညာရှင်လုယောင်။ သူ(မ) ငယ်ငယ်တည်းက တရုတ်ပြည်မှာ​ရော နိုင်ငံခြားမှာပါ ဆုတွေအများကြီးရခဲ့တယ်။ သူ(မ)က စန္ဒရားနယ်ပယ်မှာ အလှဆုံးအမျိုးသမီးလို့ လူသိများတယ်။ ဒါအပြင် ချန်ကျားကျီရဲ့ ငယ်ချစ်ဦးလည်း ဖြစ်တယ်။

ပေချင်းချင်း ခေါင်းငုံ့ထားလိုက်တယ်။ အဲ့ဒီ​နောက် သူ(မ)ကိုယ်သူ(မ)ပြန်ကြည့်ရင်း သက်ပြင်းချလိုက်မိတယ်။

ကိုယ့်ကိုယ်ကိုယ် တခြားသူတွေနဲ့လိုက်ယှဉ်နေတာ မကောင်းပါဘူးလေ။

”ဒီရက်ပိုင်း အခြေအနေ ဘယ်လိုရှိလဲ။” ဒေါက်တာလျောင်က မေးလိုက်တယ်။

”ပိုကောင်းလာပါပြီ။”

”ဒါပေမဲ့ ခန္ဓာကိုယ်က အားနည်းနေသေးတယ်။ ကျန်းမာရေးကိုပဲ အာရုံစိုက်ပြီး အနားယူသင့်တယ်။ ဒီရက်ပိုင်း အလုပ်တွေ အရမ်းမလုပ်နဲ့ဦး။” ဒေါက်တာလျောင်က ပြောရင်းနဲ့ ဖိုင်တွေကို လှမ်းကြည့်လိုက်တယ်။

”အင်း။ စိတ်ပူပေးလို့ ကျေးဇူးတင်ပါတယ် ဒေါက်တာလျောင်။" ချန်ကျားကျီလည်း ပြန်ပြောလိုက်တယ်။

အစားထိုးခံအိမ်ထောင်ရေးWhere stories live. Discover now