Chapter 28

1.3K 94 0
                                    

အခန်း (၂၈)   သူ(မ)ကို အကွက်ချကြံစည်ခြင်း

ပေပေ သူ(မ)အစ်မကိုကြည့်ရင်း မထီမဲ့မြင်နဲ့ ရယ်လိုက်ပြီး သူ(မ)နောက်မှာရှိတဲ့ဖုန်းကိုထုတ်လိုက်တယ်။ ပေချင်းချင်းကြောင်တောင်တောင်ဖြစ်သွားတယ်။ သူ(မ)က သူတို့ပြောခဲ့တာတွေအကုန်လုံးကို အသံသွင်းထားခဲ့တာပဲ။

"နင် ဘာလုပ်ဖို့ စဥ်းစားနေတာလဲ။" ပေချင်းချင်း​ မေးလိုက်တယ်။

ပေပေက ရုတ်တရက် သူ(မ)ဖုန်းကို အဝေးကိုပို့လိုက်တယ်။ "နင့်ရဲ့ပုံစံအမှန်ကို လူတိုင်းသိအောင် လုပ်ပေးနေတာ။ ပုံမှန်ဆို နှိမ့်ချတတ်ပြီးတော့ စ​ဥ်းစားဉာဏ်ရှိတဲ့ ပေချင်းချင်းက အမြင့်ကိုရောက်သွားတော့ သူ့ညီမကို ဘယ်လိုဆက်ဆံလဲဆိုတာ ပြီးတော့ သူ့ညီမကိုမောင်းထုတ်ဖို့ ကြိုးစားခဲ့တာတွေကို  ငါ လူတိုင်းကို သိစေချင််တယ်​။"

ပေပေက အပြစ်ကင်းစွာနဲ့ ပြုံးလိုက်တယ်​။ ဒီမိန်းမက သူ(မ)ကို ဒေါသထွက်အောင် တမင်ဆွပေးနေတယ်ဆိုတာ ပေချင်းချင်း နောက်ဆုံးတော့ သိလိုက်ရတယ်။ "ဒီအသံဖိုင်ကို ဖေဖေနဲ့ မေမေ နားထောင်ပြီးရင် သူတို့ဘယ်လိုခံစားရမယ်လို့ နင်ထင်လဲ။ သူတို့ရဲ့သမီးအရင်းက မျက်နှာများတဲ့ လျှာနှစ်ခွနဲ့ လူစားမျိုးဖြစ်နေတယ်ဆိုရင်.....ဟားဟားဟား "

ပေပေက သူ(မ)ရဲ့ ဖုန်းကို ဆုပ်ကိုင်ထားပြီး ပေချင်းချင်းကို ကြည့်နေခဲ့တယ်။

ပေချင်းချင်း သူ(မ)ရဲ့ နှလုံးသားမှာ အပေါက်တွေဖြစ်သွားပြီး သူ(မ)တစ်ကိုယ်လုံး တုပ်နှောင်ထားသလို ခံစားလိုက်ရတယ်။ ချက်ချင်းပဲ ရှေ့ကို အပြေးအလွှားတိုးလာပြီး ပေပေရဲ့ ဖုန်းကို လုယူလိုက်တယ်။ သူ(မ) တစ်ခါမှ ဒီလောက် ဒေါသမထွက်ဖူးဘူး။ ပေချင်းချင်း သူ(မ)လက်ထဲက ဖုန်းကို မြေကြီးပေါ်ကို ပစ်ပေါက်လိုက်တယ်။ ချက်ချင်းပဲ ဖုန်းက တစ်စစီ ကြေမွပျက်စီးသွားတယ်။

ပေပေတစ်ယောက် ပေချင်းချင်းရဲ့တုန့်ပြန်ပုံကြည့်ပြီး အားရကျေနပ်နေခဲ့တယ်။ အရမ်းကောင်းတယ်!

"မမ ကျွန်မ ဘာအမှားလုပ်မိလို့လဲ။ ကျွန်မကို ဘာလို့ဒီလိုလုပ်ရတာလဲ။" ပေပေ မျက်ရည်တွေကျလာပြီး ပေပေချင်းကို အပြစ်ကင်းတဲ့ပုံစံနဲ့ ကြည့်နေခဲ့တယ်။

အစားထိုးခံအိမ်ထောင်ရေးWhere stories live. Discover now