Chapter 12 (Z)

430 5 1
                                    

အခန်း (၁၂) ဒီ​နေရာကလည်း မင်းရဲ့အိမ်ပဲ

ပေချင်းချင်းရဲ့ ပျာယာခတ်သွားပြီး သနားစရာကောင်းတဲ့ အကြည့်တွေကို ကြည့်ရင်းနဲ့ ချန်ကျားကျီနှလုံးသားတွေ အစိတ်စိတ်အမွှာမွှာကွဲသွားသလိုခံစားလိုက်ရတယ်။

ဒီနှစ်တွေထဲမှာ ဘယ်မိန်းကလေးကိုမှ ပေချင်းချင်းလောက်လှတယ်လို့မခံစားမိခဲ့ဘူး။

"ကျွန်မဘာအမှားလုပ်မိလို့လဲ။ ဒီနေ့မှ ဘာလို့ ပြဿနာရှာနေရတာလဲ။" ပေချင်းချင်း ခေါင်းကိုငုံ့ထားပြီး မေးလိုက်တယ်။

ချန်ကျားကျီရဲ့စိတ်ထဲမှာ သူ့တပည့်တွေကို မကျေမနပ်ဖြစ်မိတယ်။ သူတစ်ခါမှ ရည်းစားမထားဘူးတော့ မိန်းကလေးတွေကို ဘယ်လိုပျော်အောင်လုပ်ပေးရမလဲ မသိဘူး။ ဒီနည်းလမ်းက သူ့တပည့်တွေဆီက ကြားခဲ့တဲ့ အသုံးမကျတဲ့နည်းလမ်းတစ်ခုပဲ။

"အဟမ်း...ငါဒီလိုလုပ်ဖို့ မရည်ရွယ်ပါဘူး။" သူဘယ်လိုရှင်းပြရမလဲမသိဘူး။

သူအလုပ်ကိုပဲ ခေါင်းစဉ်ပြောင်းလိုက်တယ်။

ချန်ကျားကျီ သူမကိုကြည့်ပြီး ဖြေးဖြေချင်းပြောလိုက်တယ်။

"အထူးလက်ထောက်ရိုက ဒီနေ့"ပေ"မိသားစုမှာ ဖြစ်ပျက်ခဲ့တာတွေအကုန်လုံးကို ငါ့ကို ပြောပြတယ်။"

ပေချင်းချင်း မော့ကြည့်လိုက်တဲ့အချိန်မှာ နက်မှောင်တောက်ပနေတဲ့ မျက်ဝန်းတစ်စုံက စူးစိုက်ကြည့်နေတာကို တွေ့လိုက်တော့ သူ(မ) လန့်သွားပြီး ချက်ချင်း ခေါင်းငုံ့လိုက်တယ်။

ဒါဆို သူအကုန်လုံးသိနေတာပေါ့.......

"ပေမိသားစု ဘာတွေလုပ်နေလဲ ငါဂရုမစိုက်ဘူး။ ဒါပေမဲ့ မင်းဘာတွေဖြစ်နေလဲဆိုတာကိုတော့ ငါသိချင်တယ်။"
ပေချင်းချင်း မိန်းမောတွေဝေသွားတယ်။ သူ ဒီနေ့ ထူးထူးဆန်းဆန်း နူးညံ့နေတယ်လို့ သူ(မ)ခံစားမိတယ်။

"မင်း "ပေ"မိသားစု ဆီပြန်သွားချင်လား။"

သူ ခေါင်းကိုအသာခါယမ်းရင်း လေးလေးနက်ပြောလိုက်တယ်။ " လူတစ်ယောက်က တစ်ခါပြောဖူးတယ်။ မင်းကို သတိရနေတဲ့လူက မင်းနဲ့သက်ဆိုင်တဲ့လူပဲတဲ့။"

အစားထိုးခံအိမ်ထောင်ရေးWhere stories live. Discover now