Chapter 65

567 45 1
                                    

အခန်း (၆၅)  မလုပ်နဲ့... အင်္ကျီတွေ တွန့်ကြေကုန်လိမ့်မယ်

ထင်ထားတဲ့အတိုင်း ပေချင်းချင်း ဘာမှပြန်မပြောရသေးခင်မှာ လုယောင်က ခပ်ယဲ့ယဲ့လေးပြုံးပြီးပြောလာတယ်။ "နောက်ဆုံးတစ်ခေါက် အစ်ကိုကျားကျီရဲ့အိမ်ကိုလာတုန်းက ငါမျက်စိကန်းသွားခဲ့တာပဲ။ ငါက နင့်ကို အစ်ကိုကျားကျီရဲ့ အိမ်ဖော်တစ်ယောက်လို့ ထင်ခဲ့မိတာ။ ငါတကယ် တောင်းပန်ပါတယ်နော်။"

သူ(မ) အဲ့ဒီလိုပြောလိုက်တော့ ချက်ချင်းဆိုသလို သတင်းထောက်တွေဆီကနေ ရယ်သံတွေ ထွက်လာတယ်။

"အဲ့ဒါဖြစ်နိုင်ပါတယ်။ မစ္စလုယောင်က ဒီလောက် လှပကြော့ရှင်းပြီးတော့ အထက်တန်းဆန်တာ။ တစ်ယောက်ယောက်ရဲ့မိန်းမက ဒီလောက် ရိုးရှင်းအောင် ဝတ်စားထားတာမျိုးကို သူ(မ)တစ်ခါမှ မြင်ဖူးမှာမဟုတ်ဘူး။

"ဟုတ်တယ်။ အိမ်ဖော်တစ်ယောက်အနေနဲ့ အထင်ခံရတယ်ဆိုတော့ ဘယ်လောက်ရှုပ်ပွနေမလဲဆိုတာ ငါသိချင်လိုက်တာ။"

သတင်းထောက်တွေက အသံတိုးတိုးနဲ့ ဝိုင်းပြီးတော့ ကဲ့ရဲ့နေကြတယ်။

အဲ့ဒါက ပေချင်းချင်းကို တော်တော်လေး ကသိကအောက်ဖြစ်သွားစေတယ်။ အစက လုယောင်က ဒီနေ့သူ(မ)ကို စကားကောင်းကောင်းမွန်မွန် ပြောနေတယ်လို့ထင်ခဲ့ပေမဲ့  ဒီလောက်ထိပြောလိမ့်မယ်လို့ သူ(မ)မထင်ခဲ့မိဘူး။

အခြေအနေက ပေချင်းချင်းအတွက် ခေါင်းထောင်နိုင်ဖို့ ခက်ခဲနေတယ်။ တွင်းတစ်တွင်းရှာပြီးသာ မြန်မြန်ပုန်းနေလိုက်ချင်တော့တယ်။

အဲ့ဒီလူတွေရဲ့ရယ်သံကိုကြားတော့ ချန်ကျားကျီရဲ့မျက်နှာက ချက်ချင်းအေးစက်သွားတယ်။ နှစ်တွေအများကြီး ရင်းနှီခဲ့ကြတဲ့ဆက်ဆံရေးရှိတယ်လို့ ယူဆခဲ့တဲ့အတွက် နောက်ဆုံးတစ်ခေါက်က 'ချန်'မိသားစုမှာ ဖြစ်ပျက်ခဲ့တဲ့ကိစ္စကို အရေးမယူခဲ့တာ။ သူ(မ)က ဒီလိုအရေးကြီးတဲ့အခမ်းအနားမျိုးမှာ သူ့မိန်းမကို မျက်နှာပျက်အောင်လုပ်လိမ့်မယ်လို့ သူမမျှော်လင့်ထားခဲ့ဘူး။

ချန်ကျားကျီ မျက်လုံးကိုပင့်ပြီး လုယောင်ကို တစ်ချက်ဝေ့ကြည့်ကာ အေးစက်စက်ပြောလိုက်တယ်။ "ငါမင်းကို နှစ်နည်းနည်းလောက်မတွေ့ရတာနဲ့ မင်းမျက်လုံးတွေကန်းသွားခဲ့မယ်လို့ မထင်ထားခဲ့မိဘူး။  မင်းမျက်လုံးတွေကို မင်းအတွက်မလိုအပ်တော့ဘူးဆိုရင် လိုအပ်နေတဲ့သူတွေကို လှူလို့ရတယ်။"

အစားထိုးခံအိမ်ထောင်ရေးWhere stories live. Discover now