ring...ring....
ဧည်ခန်းတွင်စာဖတ်နေသော
ဒေါ်ခင်ထားက ဖုန်းသံကြားသည်နှင့်
ဖတ်လက်စ စာအုပ်ကိုခုံပေါ်သို့တင်ကာ
ဖုန်းကိုကောက်ကိုင်လိုက်သည်"hello."
" hello "
"ဟုတ်ကဲ့ ဘယ်သူလဲမသိဘူးရှင့်"
"ဟ ငါအသံတောင်မမှတ်မိဘူးလား
ငါလေမင်းယောက်ကျားဦးကောင်း"ဒေါ်သက်ထားရင်ထဲထိပ်ခနဲဖြစ်သွားချေပြီ
အတန်ကြာစကားပြောပြီး
တဖက်ကဖုန်းချသွားတော့မှ
ဒေါ်ခင်ထားတယောက်
စိတ်ပျက်လက်ပျက်နှင့်ထိုင်ချလိုက်၏"မေမေသမီးကိုမုန့်ဖိုးပေးအုံး
သမီးအပြင်သွားမလို့ "အပေါ်ထပ်မှလှေကားတစ်ထစ်ချင်း
ပြေးဆင်းလာရင်း
မာယာခင်က ဆိုလာသော်ငြား
ဒေါ်သက်ထားမှာမူတွေဝေငေးငိုင်လျက်ပင်"မေမေ သမီးပြောတာကြားလားလို့
မေမေ...."အမေဖြစ်သူကတုန့်ပြန်ဖြေကြားခြင်း
မရှိ၍ ဒေါ်သက်ထားရှိရာ ဧည့်ခန်းသို့
အပြေးတပိုင်းဝင်သွားလေ၏စိတ်ပျက်လက်ပျက်နှင့်ထိုင်နေသော
အမေဖြစ်သူကိုတွေ့တော့မှ
မျက်မှောင်ကြုံ့ကာ အနားသို့တိုးသွားလိုက်ရင်း"မေမေ ဘာဖြစ်နေတာလဲ
နေမကောင်းဘူးလား မိုင်တိုင်တိုင်နဲ့"" မေမေ နေကောင်းပါတယ်ကွယ်"
"အဲ့ဆိုမေမေမျက်နှာကဘာလို့
ငူငူငိုင်ငိုင်ကြီးဖြစ်နေရတာလဲလို့""မေမေစိတ်ညစ်လို့ပါ"
" ဘာလဲဟိုကောင်မ မိတေး ကြောင့်လား
သူ မေမေ့ကိုစိတ်ညစ်အောင်
ဘာတွေလုပ်မိပြန်ပြီလဲ"ထိုသို့ဆိုတော့ ဒေါ်သက်ထားက
ခေါင်းခါပြရင်းခနကြာတော့စကားပြန်စသည်"စောစောကသမီးဖေဖေဖုန်းဆက်တယ်"
"ဟုတ်လားဖေဖေဘာပြောတုန်း"
" မနက်ဖန်မြန်မာပြည်ကိုပြန်လာမယ်တဲ့"
"ဟုတ်လား ဖေဖေပြန်လာတာ
ပျော်ရမှာလေမေမေက
ဘာကိုစိတ်ညစ်နေတာလဲ"