part (3)

1.3K 29 0
                                    

"ဖေဖေတေးသန့်စင်ခန်းခနသွားချင်လို့ "

"သွားလေးသမီးရဲ့မမကိုပါအဖော်ခေါ်သွားလိုက်"

" ရပါတယ်ဖေဖေရယ်သမီးမကြာပါဘူး "

ဦးကောင်းခေါင်းညိမ့်ပြလိုက်သည်နှင့်ခပ်သွက်သွက်ပင်ထွက်သွားလေ၏

အမှန်ကမဟာရှေ့မှာဆက်မနေရဲတော့၍ကူလီကူမာများလိုက်ချင်းပင်

ထွက်သွားသောချစ်တေးကမလုံတလုံပုံစံလေးနဲ့မို့ မဟာတယောက်ပြုံးလိုက်မိသည်

သန့်စင်ခန်းရှိရာသို့မြန်မြန်လျှောက်လာရင်းဟိုကြည့်ဒီကြည့်လုပ်နေပုံမှာမသိရင်မသမာမူပြုတော့မည့်သူလို

ဂျောက်စ်..

သန့်စင်ခန်းတံခါးအားတွန်းဖွင့်ပြီးဝင်လိုက်သည်နှင့်ဆိုး
ရိမ်စိတ်တို့အနည်းငယ်လျော့ကြသွားသလိုခံစားလိုက်ရသည်

အသက်ကိုဝအောင်ရှူရှိုက်ရင်းတုန်ရီနေသောကိုယ်လေးအားထိန်းထားမိသည်

မဟာရှေ့တွင်တေးတယောက် အသက်ရူဖိုပင်မေ့လောက်အောင်စိတ်လူပ်ရှာနေခဲ့ချင်းပင် လေထုအားပင့်သက်ရူရှိုက်ရင်းသက်ပြင်းရှည်ကြီးချလိုက်၏

"ဟင်း................
သူနဲ့မှလာတွေ့ရတယ်လို့... တော်သေးတယ် ငါ့ကိုသူ
မမှတ်မိပေလို့ပေါ့"

တေးတယောက်စိတ်လိုလက်ရရေရွတ်မိသည်
ထိုစဥ်ထွက်ပေါ်လာသောအသံတခုကြောင့်သူမကိုယ်လေးတွန့်တက်သွားရလေသည်

"ငါ့ကိုရှောင်နေတာလား "

"အမေ့."

ရုတ်တရက်ထွက်ပေါ်လာတဲ့အသံကြောင့်လန့်သွားရာနောက်သို့ ဆုတ်မိလိုက်တော့အမှားမှား
အယွန်းယွန်း ခြေလှမ်းတွေကြောင့်ခလုတ်တိုက်လဲကျသွားသည်က မဟာရင်ခွင်ထဲသို့

မဟာမှာလည်း ယိုင်ကြလာသော ကိုယ်သေးသေးလေးကိုခပ်ဖွဖွလေးပင်အလိုက်သင့်ဖက်ထားပေးလိုက်သည်

"တောင်းပန်ပါတယ် ..တောင်းပန်ပါတယ် "

ပြောရင်းမဟာရင်ခွင်ထဲမှာကမန်းကတန်းထွက်ကာ
ထွက်ပြေးမည့်အလုပ် သန်မာလှသည့်လပ်တစုံ၏ဆွဲယူချင်းကိုခံလိုက်ရလေသည်

ချစ်ခြင်းမေတ္တာတို့ရှိရာ (Completed)Where stories live. Discover now