part (7)

1.2K 28 0
                                    

မဟာဆိုင်ရှေ့ရောက်တော့မီးကတော်တော်ပင်ကြီးနေပီးတိုက်တခုလုံးကိုပင်ဝါးမြိုနေလေပြီ

မီးသတ်ပိုက်များဖြင့်ထိုးဖြန်းနေသော်လဲမီးကမငြိမ်း မဟာတကိုယ်လုံးပူထူလာ၍ဘာမှစဥ်းစားမနေတော့ဘဲမီးတောထဲသို့တိုးဝေ့ကာပြေးဝင်သွားလိုက်သည်

"ဟဟဘယ်သူဝင်သွားတာတုံးဒီလောက်မီးပြင်းနေတာကိုဒုခတော့ရောက်တော့မှာဘဲ"

အပြင်ကလူတေတယောက်တပေါက်ပြော၍သာကျန်နေခဲ့သည်

အထဲရောက်တော့မဟာမျက်စိတဆုံးလိုက်၍ရှာကြည့်လိုက်သည်မတွေ့သဖြင့်အပေါ်ထပ်သီု့အမြန်ပြေးတက်ပြီးလှည့်ပတ်ရှာနေရင်းမဟာရင်တေခုန်လာသည်

စိတ်တေပူပြီးတေးကိုဆိုးရိမ်လာမိသည်
ဘယ်မှာမှမတွေ့အသဲသန်ရှာနေရင်းနောက်ဆုံးဆိုင်တန်းနှစ်ခုကြားမှာခွေခွေလေးလဲနေသောသူမကိုမဟာမြင်လိုက်ရသည်

မဟာအမြန်ပြေးသွားပြီးတေးကိုပွေ့ချီ၍

"တေး.. တေး.မင်းအဆင်ပြေရဲ့လား"

မဟာပြောလိုက်တော့တေးမျက်ဝန်းလေးတဖြည်းဖြည်းပွင့်လာသည်

မဟာကို့မြင်တော့အားတက်သွားသည့်ဟန်မျက်ရည်စွတ်နေသောမျက်ဝန်းလေးနဲ့ကြည့်ကာမဟာကိုယ်ကိုတင်းနေအောင်ဖက်ထားရင်းခေါင်းလေးကိုရင်ခွင်ထဲမှီထားလိုက်သည်

မှီလာတဲ့တေးခေါင်းလေးကိုမဟာလက်လေးနဲ့အသာပွတ်ရင်း

"ဘာမှမဖြစ်တော့ဘူးနော် ကိုယ်အနားမှာရှိတယ် မင်းကိုကိုယ့်တို့အခန်းလေးထဲပြန်ခေါ်သွားပေးမယ်နော် "

မဟာပြောလိုက်တော့တေးခေါင်းလေးညိမ့်ပြ၏

❤❤❤❤

မနက်ခင်းရောင်ခြည်နွေးနွေးလေး၏အထိအတွေ့နှင့်အတူတေးတယောက်လန်းဆန်းနေ၍ဖြည်းဖြည်းချင်းအားယူပြီးမျက်လုံးကိုဖွင့်ကြည့်လိုက်သည်

"သမီးလေးနိုးလာပြီလား "

တေးကြည့်လိုက်တော့အရင်တခေါက်ကဆရာမဖြစ်နေ၍တေးပြုံးကာပြန်နုတ်ဆက်လိုက်သည်

"ဟုတ်ဆရာမ"

" အေးအေး သမီးလေးနိုးလာတာကောင်းပါတယ်ကွယ်နှမို့ဆိုသမီးလေးစိတ်နဲ့ဟိုကောင်လေးရူးတော့မှာ"

ချစ်ခြင်းမေတ္တာတို့ရှိရာ (Completed)Where stories live. Discover now