part (4)

1.2K 30 0
                                    

"ရှင်..ညမလေးကို ကိုမဟာတို့ကုမဏီမှာအလုပ်လုပ်ခိုင်းမလို့ဟုတ်လားဖေဖေ"

ချစ်တေး မောင်မဟာဆီမှာအလုပ်လုပ်မည့်စကားကြား၍မာယာအံသြသွားသည်

"အင်းလေသမီးရဲ့ သမီးညမလေးကဖေဖေအလုပ်တေမှာဝိုင်းကူလုပ်ပေးချင်တယ်ဆိုလို့အလုပ်အတွေ့ကြုံရှိအောင် မဟာတိုကုမဏီမှာအလုပ်သင်ဝင်လုပ်ခိုင်းလိုက်တာ"

" ဖြစ်ပါ့မလားဖေဖေရဲ့ညမလေးကငယ်သေးတာကို"

"သမီးညမလေးကစိတ်အားထက်သန်နေတာလေ အဲ့တော့ဖေဖေလဲမတားတော့ဘဲလုပ်ခွင့်ပေးလိုက်တာ ငယ်ငယ်ရွယ်ရွယ်နဲ့အလုပ်လုပ်ချင်စိတ်ရှိတော့ကောင်းတာပေါ့"

ဦးကောင်းပြောသောစကားများကိုမာယာ သဘောမကြပေ

❤❤❤❤❤

တရိပ်ရိပ်နဲ့မောင်းလာသောကားလေးတစီးက YKK ကုမဏီရှေ့တွင်အရှိန်သတ်ကားစက်ရပ်လိုက်သည်

"သမီးတေးလာလေအထဲဝင်ရအောင်"

ကုမဏီရှေ့တွင်တွေတွေလေရပ်နေသောတေးကိုဦးကောင်းကခေါ်လိုက်သည်

"ဟုတ်ကဲ့ဖေဖေ"

တကယ်တမ်းအလုပ်လုပ်ရတော့မည်ဆိုတော့တေးခြေထောက်လေးတွေလေးလံနေသည်

မဟာနှင့်ထိပ်တိိုက်တွေ့၍အလုပ်လုပ်ရမည်ကိုတွေးမိတိုင်းတေးရင်တွေခုန်လာတယ် စိတ်တေလူပ်ရှားလာတယ်

"မောင်မဟာကိုခုလိုကူညီခိုင်းရတာဦးအားတော့နာမိတယ် သမီးလေးကငယ်လဲငယ်သေးအလုပ်အရမ်းလုပ်ချင်နေတော့မောင်မဟာလိုလူတော်လူကောင်းမျိုးနဲ့မှစိတ်ချလို့ပါ "

"အားနာစရာမလိုပါဘူးကျွန်တော်နဲ့ဦးကောင်းနဲ့ကပြောစရာလူတေမှမဟုတ်တာ ကျွန်တော်အတတ်နိုင်ဆုံးကူညီပေးရမှာပေါ့"

မဟာပြောသည်ကိုဦးကျေနပ်သွားသည်

"ဒါဖြင့်ဦးကောင်းသွားလိုက်အုံးမယ် သမီးလေးကိုမောင်မဟာလက်ထဲအပ်ခဲ့မယ်နော်"

"ဟုတ်ကဲ့ဦးကောင်း "

ဦးကောင်းထွက်သွားတော့ အခန်းထဲတွင်မဟာနှင့်တေးတို့နှစ်ယောက်သာကျန်ခဲ့သည်

ချစ်ခြင်းမေတ္တာတို့ရှိရာ (Completed)Where stories live. Discover now