part (11)

1.1K 20 0
                                    

"သမီးမာယာ ညီမလေးကို
စောင့်ရှောက်ထားလိုက်အုံးနော်
ဖေဖေအလုပ်ကအရေးပေါ်လာလို့နယ်ဘက်
မြန်မြန်ခရီးထွက်ရမယ် ညမလေးပြန်လာရင်လဲ
ဖေဖေကနုတ်ဆက်သွားတယ်လို့ပြောလိုက်ပါအုံး
ဒီတခေါက်ကကြာချင်ကြာမှာ"

" အင်းပါဖေဖေရယ်စိတ်ချလက်ချသာသွားနော်
အိမ်ကိုဘာမှစိတ်မပူနဲ့ညမလေးကိုလဲ
သမီးစောင့်ရှောက်ထားလိုက်ပါ့မယ် မေမေလဲရှိတာပဲဖေဖေစိတ်ဖြောင့်ဖြောင့်သာအလုပ်ကိုသွားပါ"

"ဟုတ်ပါပြီ ကဲ့ဒါဆိုဖေဖေသွားပြီနော်"

ဦးကောင်းထွက်သွားသည်နှင့်မာယာခင်
မဲ့ပြုံးပြုံးလိုက်ရင်း

"တွေ့ကြသေးတာပေါ့မိတေးရယ်"

❤❤❤❤❤

"ကိုကို ကလေးကိုချစ်လားဟင်"

ရင်ခွင်ထက်သို့ခေါင်းလေးမှီကာမေးလာသူလေးကို
နွေးထွေးစွာကြင်ကြင်နာနာဖက်လိုက်ရင်း

"ချစ်တာပေါ့ကလေးလေးရယ်
ကိုကို့ဘဝကြီးနဲ့ကိုရင်းပြီးချစ်တာ "

"တကယ်လို့ကလေးလေးမရှိတော့ရင်ရော"

"မဟုတ်တာကလေးလေးရယ်ပေါက်ကရတွေ
မပြောရဘူးလေ"

" ကလေးမေးတာပဲဖြေပါအကြောင်းတခုခုကြောင့်ကလေးလူ့လောကကြီးထဲကထွက်သွားရရင်
ကိုကိုဘာလုပ်မှာလဲလို့ "

"ကိုကိုမသိဘူး ကလေးနဲ့တဘဝလုံးအတူတူနေသွားဖို့ပဲ
စဥ်းစားထားတာအဲ့လိုအဓိပါယ်မရှိတာတေကို
ကိုကိုမတွေးဘူးဘူး
က​ေလးလဲမတွေးရဘူး သေချာတာတခုကကလေးသာမရှိရင်ကိုကိုလဲမရှိနိုင်ဘူးဆိုတာ"

ပြောရင်းတေးကိုယ်လေးကိုမဟာပို၍တင်းတင်းလေးဖက်ထားမိသည်

"အင်းပါကိုကိုရယ်ကလေးကလဲဒီတိုင်းပဲမေးကြည့်တာပါ စိတ်ထဲမထားနက်နော်ကိုကို"

မဟာ့ပါးလေးကိုလက်လေးဖြင့်အသာကိုင်ရင်း
နုတ်ခမ်းလေးကိုခပ်ဖွဖွလေးနမ်းလိုက်သည်

" ကလေးလေး"

" ရှင်"

" ကိုကိုတို့လက်ထပ်ကြရအောင်လေ​နော်"

" အင်းပကိုကိုရယ်ကလေးအိမ်ပြန်ရောက်ရင်ဖေဖေကိုအကြောင်းဆုံပြောပြလိုက်ပြောပြလိုက်ပါ့မယ်နော်
ဟုတ်ပြီလား"

ချစ်ခြင်းမေတ္တာတို့ရှိရာ (Completed)Where stories live. Discover now