part (5)

1.2K 25 0
                                    

"ကောင်းတာပေါ့သမီးလေးရဲ့ခရီးထွက်ရမှာဆိုတော့အတွေ့အကြုံရတာပေါ့"

" ဖေဖေကလဲကိုမဟာနဲ့သမီးနဲ့နှစ်ယောက်ထဲသွားရမှာလေဖေဖေသမီးကိုစိတ်မချမဖြစ်ဘူးလား"

" မောင်မဟာနဲ့ဆိုဘယ်သွားသွားဖေဖေစိတ်ချပါတယ်ပြီးတော့အခုဟာကအလုပ်ကိစနဲ့သွားမှာလေ
ဘာ​ဖြစ်စရာရှိမှာလဲ
သမီးလေးစိတ်ထဲအများကြီးတွေးမနေနဲ့ဟုတ်ပြီလား"

" အင်းပါသမီးနားလည်ပါပြီ"

ဦးကောင်း၏မဟာပေါ်ယုံကြည်ချက်ကြောင့်တေးဘာမှာဆက်မပြောနိုင်တော့ဘဲခေါင်းလေးသာညှိမ့်ပြလိုက်သည်

❤❤❤❤❤

ဖြုန်း.........

"ဒါကနင်သိပ်တော်လို့ဆုချလိုက်တာ"

အားနှင့်လွဲရိုက်လိုက်သောမာယာရိုက်ချက်ကြောင့်တေးပါးလေချင်းချင်းနီရဲလာသည်

ရုတ်တရက်အရိုက်ခံလိုက်ရ၍တေးအံသြသွားကာ ပါးလေးကိုကိုင်ရင်

"တေးမှာဘာအပြစ်ရှိလို့တေးကိုရိုက်တာလဲ
အမမာယာရယ်"

" နင်သိပ်တော်လို့လေ ဖေဖေရဲ့ယုံကြည်မူကိုရအောင်လုပ်နိုင်လို့အခုဆိုဖေဖေကငါတို့သားမီကိုရှိတယ်လို့တောင်မထင်တော့ဘူး
နင်ကိုဘဲအချိန်ပြည့်ဂရုစိုက်နေတာ"

" တေးမရည်ရွယ်ပါဘူးအမမာယာရယ် ဖေဖေပင်ပန်နေတာမကြည့်ရက်လို့တေးကူညီပေးချင်ယုံသက်သက်ပါ"

ပါးလေးကိုကိုင်ကာမျက်ရည်လေးဝဲနေသောချစ်တေချို မျက်နှာလေးကိုကြမ်းတမ်​သောမျက်လုံးတေနှင့်မာယာစေ့စေ့ကြည့်၍

"တော်စမ်းပါနင်အဖေ့ပိုင်ဆိုင်မူတေကိုတယောက်ထဲအပိုင်သိမ်းချင်နေတာမိုလားနင့်အကြံတေကိုငါမသီဘူးမှတ်နေလာ"

" မဟုတ်ရပါဘူးအမမာယာရယ်တေးဘာမှမမက်မောပါဘူးဖေဖေကိုတကယ်ကူညီပေးချင်ယုံလေးပါ"

" နင်သိထားရမှာနင်ကဖေဖေသမီးအရင်းမဟုတ်ဘူးဆိုတာ အချိန်တန်ရင်နင်ကဒီအိမ်ကြီးနဲ့ဘာမှမသက်ဆိုင်တော့တဲ့သူစိမ်းတယောက်သာသာပဲ"

"အင်းပါအမမာယာရယ်တေးသိပါတယ်"

မာယာခင်၏တဖက်သတ်ဆန်စွာစွပ်စွဲမူတွေကိုပြန်၍အံတုနိုင်စွမ်းမရှိသောတေးတယောက်ရဲနေသောပါးလေးကိုကိုင်ကာဝဲတက်လာသောမျက်ရည်စတွေကိုမျက်ဝန်းထဲကလျှံထွက်မသွားအောင်စိတ်ကိုတင်း၍ခေါင်းလေးကိုငုံ့ထားမိသည်

ချစ်ခြင်းမေတ္တာတို့ရှိရာ (Completed)Where stories live. Discover now