part (10)

1.1K 26 0
                                    

"ခွင့်ပြပါတယ်ကွယ်မောင်မဟာတယောက်လုံးပါနေတာပဲအစတည်းကယုံလို့မောင်မဟာဆီအပ်ထားတာပေါ့"

" ဦးကောင်းပြောတာကိုကျွန်တော်နားလည်ပါတယ်
ဒါပေမဲ့ဦးတို့ကိုလဲအသိပေးသင့်တယ်လို့ထင်လို့ပါ"

"ဟုတ်ပါပြီကွာဦးကတော့ခွင့်ပြုပြီးသားပါသမီးလေးကိုသင်ပြပေးတဲ့မောင်မဟာကိုတောင်ဦးကကျေးဇူးတင်ရအုံးမယ်"

" ရပါတယ်ဗျာ ဒါဆိုကျွန်တော်သွားလိုက်ပါအုံးမယ်"

" ေကာင်းပါပြီ"

ခွင့်တောင်းပြီးသည်နှင့်မဟာတို့ထွက်သွားချိန်မကြေမနပ်နှင့်ဒေါပွကျန်သူကမာယာ ဖြစ်သည်

" ဖေဖေညမလေးကိုတယောက်ထဲ​ပေးလွတ်တာ
မကောင်းဘူးထင်တယ်နော်သမီးတော့စိတ်မချဘူး
ဒါမှမဟုတ်သမီးပါလိုက်သွားလိုက်ရင်
မကောင်းဘူးလားဟင်"

" သမီးကလဲမောင်မဟာနဲပဲဟာဘာစိတ်မချစရာရှိမလဲ သူဘယ်လိုလူမျိုးလဲဆိုတာဖေဖေအသိဆုံးပါ ပြီးတောအခုဟာကနိုင်ငံခြားသားတွေနဲ့တွေ့ဆုံပွဲမှာသမီးငယ်ကိုအတွင်းရေးမူးနေရာကထားပြီးခေါ်တာဆိုတော့သမီးငယ်လေးအတွက်လဲအတွေ့အကြံရတာပေါ့ ကဲပါသမီးညမလေးလေးစိတ်မပူနဲ့တော့ဟုတ်ပြီလား ဖေဖေပင်ပန်းနေလို့နားတော့မယ်"

ဦးကောင်းစိတ်အေးလက်အေးပြော၍ထွက်သွားပေမဲ့မာယာကတော့နဲနဲမှမကျေနပ်ပေ

💝💝💝💝💝

"ကလေးလေးဒီညကိုကိုနဲ့အတူတူရှိနေရတာ
ကလေးလေးမပျော်ဘူးလားဟင် "

ဘေးတဖက်သို့မျက်နှာမူကာတွေတွေလေးငိုင်နေသောသူမကိုကြည့်၍မဟာမေးလိုက်၏

"ကလေးလဲပျော်ပါတယ်ကိုကိုရယ်"

တေးပြန်သာဖြေလိုက်ပေမဲ့မျက်နှာလေးရွှင်လန်းမနေ

"ပျော်တယ်သာပြောနေတာ
ကလေးမျက်နှာကငြိုးနေတာပဲနော်"

" အဲ့ဒါက ကလေးစိတ်ထဲမကောင်းလို့ပါဖေဖေကို
အခုလိုတခါမှမလိမ်ဖူးဘူး"

" ကလေးရယ်ကိုကိုကလဲလိမ်ပြောရတာကိုအမုန်းဆုံး​ပါ ဒါပေမဲ့ဒိလိုမှမလုပ်ရင်ကိုကိုတို့နှစ်ယောက်လွတ်လွတ်တွေ့ရမှာမဟုတ်ဘူးလေ ကိုကိုကတော့ကလေးကလွဲရင်ကျန်တာဂရုမစိုက်ဘူး "

ချစ်ခြင်းမေတ္တာတို့ရှိရာ (Completed)Where stories live. Discover now