Prologue

791 51 5
                                    

ရှန်ချွမ်ရွေ့ (ခေါ် ) ရှန်ရစ်ခီ ဖြစ်တဲ့ကျွန်တော့်လိုလက်ထောက် Ceo တစ်ယောက်ရဲ့ဘဝကအေးချမ်းလွန်းတယ်လို့တော့ပြောလို့မရပေမဲ့သာယာလှတယ်. အလုပ်ရှိတဲ့နေ့တွေဆိုကုမ္ပဏီကိုသွားငုတ်တုတ်ထိုင်ပြီးလက်မှတ်လေးထိုးအလုပ်ကအပြန်ဆိုမုန့်ဆိုင်လေးဝင်စတော်ဘယ်ရီနို့နဲ့ကိတ်မုန့်လေးဝယ်လမ်းထိပ်ရောက်ရင် အနားယူရင်းစားဖို့ snacks လေးဝယ် အိမ်ပြန်ရောက်ရင် ဖုန်းလေးဖွင့်အကြိုက်ဆုံး ဝတ္ထု လေးဖတ် မုန့်စားရင်းနှပ်လိုက်နဲ့သာသာယာယာရှိလှသည် တစ်ရက်မရောက်ခင်အထိပေါ့....

အလုပ်နားရက်လေးမှာချစ်သူငယ်ချင်းလေးတွေနဲ့စုပြီးတွေ့တုန်းဂွန်းနုဆီမှဝတ္ထုဇာတ်သိမ်းပိုင်းထွက်ပြီဆိုတာကြောင့်အိမ်ရောက်တော့ဖွင့်ဖတ်နေတုန်းအမေအရင်းတောင်ဘာမှမခိုင်းရက်တဲ့သူ့ကိုအိမ်ကမွေးစားအမေမှသူမလုပ်ချင်တာနဲ့ ချွမ်းရွေ့အားခိုင်းစားလာတာကြောင့်ခိုင်းတာထွက်လုပ်ရင်းထူးဆန်းတဲ့အန်တီကြီးတစ်ယောက်ကိုကူပေးမိရာကနေ ခီရှန့်ဘဝလေးငါးပါးမှောက်တော့တာပေါ့.

 အွန်း...အဲ့လိုကြီးအတိအကျတော့ပြောလို့မရပေမဲ့လည်း ချွမ်းရွေ့ ရဲ့အကြိုက်ဆုံး ဝတ္ထုထဲကဗီလိန်တောင်မဟုတ်အစပိုင်းမှာတင်ဇာတ်လိုက်အားအနိုင်ကျင့်မိလို့သေသွားရတဲ့အရံဇာတ်ကောင်ကိုယ်ထဲရောက်သွားရတယ်တဲ့လေတစ်ခါသေခိုင်းရတာအားမရလို့နောက်ထပ်တစ်ခါထပ်သေခိုင်းနေရတာလားအကျိုးတွေတော့နည်းကုန်ပါပြီ !!! 

ပိုပြီးအကျိုးနည်းချင်စရာကချွမ်း‌ရွေ့နဲ့နာမည်ပဲတူတယ်လို့ထင်ထားခဲ့တဲ့ဇာတ်ကောင်ကရုပ်ပါလာဆင်နေတယ်တဲ့လေ. 


" ကိုကို ! "

" ပြောလေကလေးလေး "

" ဘာလို့အဲ့လိုကြီးဝတ်လာရတာလဲ "

"...အမ်...? "

"ကိုကိုကအဲ့လိုဝတ်ပြီးအရမ်းလှနေမှတော့လူတွေဝိုင်းကြည့်နေကြမှာပေါ့ဗျာ...မရပါဘူးပြန်သွားလည်းသွားမဟုတ်ရင်ပွဲတော်ထဲလိုက်မပို့ဘူးနော် "




" ကိုကို ! "

" အာ_အဟွတ်_ရောက်လာပြီလားကလေးလေး"

"ဂရုစိုက်နေပါလို့ကျွန်တော်ပြောခဲ့တယ်လေ"

"ဘာမှ_အဟွတ်_မဖြစ်ပါဘူးရေးနည်းနည်းဆော့လိုက်မိလို့_အဟွတ်_အအေးပက်သွားရုံပါ "

"ကိုကိုနော်ကလေးလည်းမဟုတ်ဘဲနဲ့စကားကိုနားမထောင်ဘူးအခုတော့ဖျားပြီမလား‌ အဖျားပျောက်မှပဲအပြင်ပြန်ထွက်ရမယ်"

"ဟာာာာာ ကလေးလေးကလည်းကိုကိုကအခန်းထဲမှာပဲနေရင်ပျင်းနေမှာပေါ့လို့ "

"ကိုကို့အပြစ်နဲ့ကိုကိုပဲ"

ဒီလိုနဲ့ ချွမ်းရွေ့တစ်ယောက်မသေအောင်ကြိုးစားမိရင်းအုပ်ထိန်းသူတစ်ယောက်ကောက်ရမိသလိုပဲသည်းသည်းလှုပ်ပေးခြင်းခံရကာတစ်နေ့တစ်နေ့ကိုကိုနဲ့ကလေးလေးဆိုတဲ့အသံမှာတဆာဆာညံနေတတ်လေသည်.


---------

Slow update လေးမလို့နည်းနည်းမဟုတ်ပဲတော်တော်ကြာနိုင်ပါတယ်

အလုပ်များပေမဲ့ Idea လေးရတုန်းသည်းသည်းလေးတွေကိုရေးချင်လာလို့ကောက်ရေးဖြစ်လိုက်တဲ့မကောင်းမကန်းလေးကိုအားပေးပေးကြပါအုန်း 

His sweet heartWhere stories live. Discover now