4💕💕

352 51 4
                                    


အထင်နဲ့အမြင်မှာတပ်အပ်လွဲကြောင်း‌ရထားလုံးပျက်သွားလို့ဂေဟာမှာနေဖြစ်ခဲ့တဲ့နှစ်ရက်အတွင်း‌ချွမ်းရွေ့သိလိုက်ရသည်. ချွမ်းရွေ့ပဲသေချာမဖတ်မိခဲ့တာလားဘာလားတော့မသိပေမဲ့ဝတ္ထုထဲမှာအေးဆေးတည်ငြိမ်တယ်လို့ရေးသားထားတဲ့ကောင်လေးကကင်မ်ဂယူဗင်းနဲ့ဆိုတစ်စက်မှမတည့်အစကတော့ခပ်စိမ်းစိမ်းနေပေမဲ့ဟိုကဘယ်လိုတွေလုပ်လိုက်လဲမသိ. ဟာအိုကောကိုတောင်ခပ်စိမ်းစိမ်းနေတယ်ဆို‌ပေမဲ့ချွမ်းရွေ့ကိုတော့ဘာလို့မှန်းမသိတော်တော်ခင်တွယ်သည်. စကားတော့မပြောပေမဲ့သူ့ဟာသူဘာသိဘာသာလေးချွမ်းရွေ့သွားရာနောက်ကလိုက်နေတာမျိုးချွမ်းရွေ့စကားပြောရင်ဘေးကထိုင်ငေးပြီးနားထောင်နေတာမျိုးတွေလုပ်တတ်တယ်. အခြားကလေးတွေနဲ့လည်းအတူသွားမဆော့ဘဲချွမ်းရွေ့နားကနေမခွာတာမလို့နဂိုတည်းကဒီလောက်လူကပ်တတ်တာလားလို့ဂေဟာမှူးကိုသွားမေးမိတော့သူကလွဲရင်အခြားဘယ်သူ့ကိုမှမခင်တွယ်သလိုအနားကိုတောင်မသွားတတ်တဲ့ကလေးပါတဲ့လေ 

' ချွမ်းရွေ့ကိုခင်တွယ်တယ်ဆိုတော့မ‌သေအောင်လုပ်ဖို့အစီအစဥ်ကအောင်မြင်လာနိုင်တယ်ပေါ့မဆိုးပါဘူး '

အချိန်တွေတရွေ့ရွေ့ကုန်သွားတာနဲ့အမျှချွမ်းရွေ့နဲ့ယူဂျင်းရဲ့အခြေအနေကတော်တော်တိုးတက်လာတယ်လို့ပြောလို့ရသည်စကားတော့သိပ်ပြီးပြန်မပြောပေမဲ့ချွမ်းရွေ့စကားဆိုသေချာ‌နားထောင်ပြီးတစ်ခုခုဆိုကူပေးတတ်သည်.

ယူဂျင်းကချွမ်းရွေ့ကိုကပ်တော့ဝတ္ထုထဲကလိုအသတ်မခံရတော့ဖို့အခွင့်အရေးတစ်ခုရလိုက်သလိုယူဂျင်းလေးလိုချစ်စရာကောင်းတဲ့ညီလေးတစ်ယောက်ပါရလိုက်တာမလို့ချွမ်းရွေ့အတွက်အကုန်လုံးကအမြတ်တွေပင်...ဟိုကင်မ်ငနာလေးကလွဲလို့ပေါ့ 24 နာရီသူအားတိုင်းလိုက်စနေတာချွမ်းရွေ့မှာပြန်ပြန်အော်နေရတာအသံတောင်သိပ်ထွက်ချင်တော့ဘူး ဒါပေမဲ့လည်းဂယူဗင်းအနားရောက်လာတဲ့အချိန်တိုင်းယူဂျင်းနီးကချွမ်းရွေ့ကိုခေါ်ထုတ်‌ပေးတတ်တာမလို့အလိုက်သိတတ်တဲ့သူတွေကိုသဘောကျတဲ့ချွမ်းရွေ့မှာယူဂျင်းနီးလိုညီလေးတစ်ယောက်အလကား‌နေရင်းရလိုက်လို့လေပေါ်မြောက်နေမိသည်. 

His sweet heartWhere stories live. Discover now