Chapter 6 💕

415 54 12
                                    

ဒေါက်ဒေါက်

"ချွမ်းရွေ့ရေထတော့လေ"

"..."

ဟာအိုကောရဲ့အသံကိုကြားပေမဲ့ချွမ်းရွေ့မထမိ. ညကအတွေးနယ်ချဲ့ရင်းတော်တော်နဲ့အိပ်မပျော်ဘဲမိုးလင်းခါနီးမှအိပ်ပျော်သွားတာမလို့လေးလံနေတဲ့မျက်ခွံတို့ကပွင့်မလာ. 

ကျွီ....

ချွမ်းရွေ့ဘာမှပြန်မဖြေမိလို့ထင်ပါရဲ့အခန်းတံခါးဖွင့်ပြီးဝင်လာတဲ့ဟာအိုကော. အနားကိုလျှောက်လာတဲ့ခြေသံတွေကြားနေရပေမဲ့မထချင်သေးတာမလို့မသိချင်ယောင်ဆောင်ပြီးပေကပ်ကာမျက်လုံးမှိတ်ထားမိသည်. 

ဒါပေမဲ့ကြားနေရတဲ့ခြေသံတွေကချွမ်းရွေ့ရဲ့ကုတင်အနားမှာရပ်သွားခဲ့သော်လည်းချွမ်းရွေ့ကိုနှိုးဖို့တစ်ခွန်းမှဟမလာတာကြောင့် ဟာအိုကောကအခန်းထဲဘာဝင်လုပ်တာလဲဆိုတာကိုသိချင်မိသွားတားမလို့မျက်လုံးဖွင့်ကြည့်ဖို့ကြံလိုက်ပေမဲ့. ရုတ်တရက်အိကျသွားတဲ့ကုတင်ကြောင့်မျက်လုံးကိုပြန်မှိတ်လိုက်မိသည်. ဒီတိုင်းပြန်သွားမှာပါလို့ထင်ထားခဲ့ပေမဲ့ မပြန်ပဲဆက်တိုင်နေတာကြောင့်အိပ်ချင်ယောင်ဆောင်ထားတဲ့ချွမ်းရွေ့မှာတကယ်အိပ်မောကျသွားရသည်. အိပ်မပျော်ခင်ကြားလိုက်ရတဲ့ရယ်သံခပ်သဲ့သဲ့နဲ့နှဖူးပေါ်ကျရောက်လာတဲ့အနွေးဓါတ်လေးကချွမ်းရွေ့အတွက်အိမ်မက်လှလှလေးတစ်ခုမက်စေဖို့လုံလောက်ခဲ့သည်လေ. 

ဒါပေမဲ့ချွမ်းရွေ့မတွေးမိလိုက်တာကအခန်းထဲဝင်လာတာ ဟာအိုရဲ့ခြေသံမဟုတ်ဘဲအခြားတစ်ယောက်ဖြစ်နိုင်ကြောင်းကိုပင်. 

.

.

.

"ရွေ့ရွေ့ရေရရရရ!"

အိပ်ကောင်းကောင်းနဲ့အိပ်မိလိုက်တာဘယ်အချိန်ရောက်လို့ရောက်သွားမှန်းမသိ နားနားကပ်အော်လာတဲ့အသံစူးကြောင့်နိုးလာရသည်.

"အွန်းးးးးးးးး~"

"ထတော့လို့နေဖင်ထိုးနေပြီကွသွားရတော့မယ်လေ"

"..."

"ထဆို မင်းတောင်းဆိုထားလို့ငါ ဟျောင်းကိုသေချာ‌ပြန်တောင်းဆိုထားရတာနော်"

His sweet heartWhere stories live. Discover now