1❤️

565 57 1
                                    

နေ့ရက်တိုင်းကိုသာသာယာယာပဲဖြတ်သန်းရတာကိုသဘောကျတဲ့ချွမ်းရွေ့ကသူငယ်ချင်းတွေနဲ့ပျော်မယ်ပါးမယ်စာလေးတွေဝတ္ထုလေးတွေဖတ်အကြိုက်ဆုံးပီဇာနဲ့စတော်ဘယ်ရီလေးစားသီချင်းလေးနားထောင်ဂိမ်းလေးဆော့လိုက်နဲ့ပျော်ပျော်ပဲနေတတ်သည်.

 အဲ့လိုအလေလိုက်နေတတ်လို့ချွမ်းရွေ့ကိုအထင်သေးဖို့မကြံလိုက်ပါနဲ့ တရုတ်နိုင်ငံရှယ်ယာစျေးကွက်ထဲသွားကြည့်လို့ရှယ်ယာစျေးတွေတက်နေတာမြင်ရင်ဘယ်ကိုမှသွားမကြည့်ပါနဲ့ချွမ်းရွေ့တို့မိသားစုပိုင်ကုပ္မဏီ SN ကြောင့်ပါပဲ.

အဲ့လိုဆိုတိုင်းလည်းအထင်ကြီးဖို့မကြိုးစားလိုက်ပါနဲ့ထိပ်တန်းကုပ္မဏီတစ်ခုဖြစ်အောင်ကြိုးစားထားတာလက်ထောက် Ceo ချွမ်းရွေ့မဟုတ်တဲ့ချွမ်ရွေ့ရဲ့အစ်မ SN ရဲ့ Ceo ရှန်ချွမ်းယုကြောင့်ပါပဲ.

ရှန်ပါးပါးကတော့ငယ်ငယ်လေးကတည်းကချွမ်းရွေ့ကိုအများကြီးမျှော်လင့်ထားတာမလို့အငြိမ်းစားမယူခင်ချွမ်းရွေ့အား Ceo နေရာလွှဲပေးဖို့ကြံထားသော်လည်းရှန်မားမားမှာမွေးမိခင်ပီသစွာချွမ်းရွေ့အားအယုံကြည်လွန်သွားတာကြောင့်ကုပ္မဏီအလုပ်ကိုသိပ်စိတ်မဝင်စားပေမဲ့ကြိုးစားတတ်တဲ့ရှန်ချွမ်းယွဲ့လက်ထဲသာယာယီအပ်ခိုင်းလိုက်တာမလို့ချွမ်းရွေ့အတွက်ဘဝကြီးကပိုသာယာသွားလေသည်.

ပျော်တာပေါ့ချွမ်းရွေ့ကလည်းကုပ္မဏီအလုပ်တွေကိုစိတ်ဝင်စားတာမှမဟုတ်တာ. မာတာမိခင်ကအလုပ်လုပ်မှထမင်းကျွေးမယ်ဆိုလို့အငတ်မခံနိုင်တဲ့ချွမ်းရွေ့ကလုပ်နေရတာတကယ်ပါလေလူတွေကအားနည်းချက်ကိုသိရင်အနိုင်ကျင့်ချင်‌နေကြတာ.

အခုဆိုအလုပ်ရှိတဲ့နေ့တွေမှာကုမ္ပဏီကိုသွားငုတ်တုတ်ထိုင်ပြီးလက်မှတ်လေးထိုးနေရပေမဲ့အလုပ်ကအပြန်ဆိုမုန့်ဆိုင်လေးဝင်စတော်ဘယ်ရီနို့နဲ့ကိတ်မုန့်လေးဝယ်လမ်းထိပ်ရောက်ရင် အနားယူရင်းစားဖို့ snacks လေးဝယ် အိမ်ပြန်ရောက်ရင် ဖုန်းလေးဖွင့်အကြိုက်ဆုံးဝတ္ထုလေးဖတ် မုန့်စားရင်းနှပ်လိုက်နဲ့သာသာယာယာပဲလေဘယ်လောက်တောင်ကောင်းလိုက်လဲ 

ဒီနေ့ကအလုပ်ပိတ်ရက်ဖြစ်တာမလို့ကုတင်ပေါ်မှာစတော်ဘယ်ရီနို့‌လေးသောက်ရင်းအတွေးယဥ်ကြောပိတ်နေတုန်းဖုန်းဝင်လာလို့ကြည့်လိုက်တော့ချစ်ရတဲ့သူငယ်ချင်းကြီးပတ်ဂွန်းနု 

His sweet heartWhere stories live. Discover now