Chapter 8💕💕

267 32 6
                                    

ဒီနေ့ကချွမ်း‌ရွေ့တို့မှော်ကျောင်းကိုသွားလေ့လာရမဲ့နေ့. မှော်ကျောင်းဖွင့်ဖို့ကတစ်ပတ်လောက်လိုသေးပေမဲ့ကျောင်းရဲ့ဖွဲ့စည်းပုံအနေအထားသင်ကြားရေးစနစ်ကိုလေ့လာဖို့ကျောင်းသားတွေအတွက်စောဖွင့်ထားတာမလို့မတက်ခင်ကျောင်းအကြောင်းပိုလေ့လာရန်ယူဂျင်းနဲ့ဂယူဗင်းတို့ရဲ့လေ့ကျင့်ရေးမရှိတဲ့ရက်မှာအတူသွားရန်ချိန်းထားချင်းသာ. အကြာကြီးနေမှအိမ်တော်အပြင်ဖက်ကိုပြန်ထွက်ခွင့်ရမှာမလို့ချွမ်း‌ရွေ့ကတော့တက်ကြွတဲ့ကြက်ဖကြီးလိုစောစောစီးစီးနိုးနေသည်. ဒါပေမဲ့ဘေးကနေဖက်ထားတဲ့သူကြောင့်လှုပ်လို့မရပဲမျက်လုံးလေးကလယ်ကလယ်နဲ့ငြိမ်နေရသည်.

"ယူဂျင်းနီး"

"..."

"ကလေးလေး ထတော့လေ"

"အင်း~"

ဘယ်အချိန်တုန်းကဘယ်လိုထွားလာမှန်းတဲ့ယူဂျင်းဟာအခုဆိုချွမ်းရွေ့ထက်နှစ်လက်မစာလောက်ပိုရှည်နေပြီ အိမ်တွင်းအောင်းပြီးအစားပဲစားနေတဲ့ချွမ်းရွေ့နဲ့ယှဥ်ရင်လည်းနေ့တိုင်းနီးပါးလေ့ကျင့်ရေးဆင်းပြီး အားကစားလုပ်နေတဲ့ယူဂျင်းဟာချွမ်းရွေ့ထက်ပိုထွားပြီးပိုသန်သေးသည်. လူကြည့်တော့ကလေးရုပ်ကလေးနဲ့. အခုလည်းနှိုးနေတာကိုမထပဲသူ့အားကြီးနဲ့ချွမ်းရွေ့ကိုဆွဲဖက်လိုက်တာမလို့လူကောင်ပိုသေးတဲ့ချွမ်းရွေ့မှာသူ့ရင်ခွင်ထဲတန်းကနဲ.

"ယူဂျင်းနီးလို့"

"ခဏလေးပဲကိုကိုရာ အစောကြီးရှိသေးတယ်လေ"

"ဒါပေမဲ့လည်းစောစောသွားမှနှံ့အောင်လည်လို့ရမှာလေလို့"

"နည်းနည်းလောက်နောက်ကျလည်းနှံ့ပါတယ်ဗျာ"

"ဒါပေမဲ့လည်း..."

"ကျောင်းဆောင်ကြီးကထွက်ပြေးသွားမှာမဟုတ်လို့လှုပ်မနေဘဲခဏလေးငြိမ်ငြိမ်လေးနေပေးဗျာ ကျွန်တော်အိပ်ချင်သေးလို့"

"အဲ့ဒါဆိုယူဂျင်းနီးအိပ်ချင်သေးရင်ဆက်အိပ်လေကိုကိုအရင်ထပြီးပြင်ဆင်နှင့်မယ်လေ"

"မရဘူး"

"ဒါပေမဲ့-"

"ကိုကို့ကိုဖက်မအိပ်ရရင်မအိပ်တတ်တာသိရက်နဲ့ကိုကိုရာ ညကျရင်လည်းအမဲလိုက်ပြိုင်ပွဲအတွက်လေ့ကျင့်ရမှာမလို့အချိန်ရှိတုန်းလေးအိပ်ချင်လို့ ခဏလေးဆိုခဏလေးပဲငြိမ်နေပေးဟုတ်ပြီလား ပြီးရင်သွားရမယ်နော်"

You've reached the end of published parts.

⏰ Last updated: May 09 ⏰

Add this story to your Library to get notified about new parts!

His sweet heartWhere stories live. Discover now