Chapter 5 ♥️

407 57 9
                                    

အစကတည်းကချွမ်းရွေ့အနားကမခွာတဲ့ကလေးကကိုယ်ပိုင်အခန်းရသွားတာတောင်ချွမ်းရွေ့အခန်းထဲမှာသာလာလာသောင်တင်နေတတ်သည်. ချွမ်းရွေ့ကတော့ကြိုက်တာပေါ့လို့ဆော့ဖော်လဲရသလိုယူဂျင်းရှိနေရင်မပျင်းရဘူးလေ. ချွမ်းရွေ့နဲ့ယူဂျင်းကြားတိုးတက်လာတဲ့ဆက်ဆံရေးက skinship မကြိုက်ဘူးလို့ထင်ရတဲ့ယူဂျင်းကချွမ်းရွေ့ဘာလုပ်လုပ်ငြိမ်ခံနေချင်းသာ. အဲ့ဒါကြောင့်ချွမ်းရွေ့ကအသည်းယားတိုင်းပါးဖောင်းဖောင်းလေးတွေကိုသွားနမ်းနေကြ. ခဏခဏနမ်းနေပေမဲ့လည်းယူဂျင်းနီးကနေသားမကျသေးဘူးထင်ပါရဲ့နမ်းလိုက်တဲ့အချိန်တိုင်းပါးလေးတွေရဲရဲသွားတတ်တာ.ဂယူဗင်းတစ်ယောက်ကတော့ထိုနေ့ညကတည်းကပေါ်မလာတော့တာမလို့ဟာအိုကောကိုမေးကြည့်တော့သူ့ရဲ့ဝမ်းကွဲအကိုမင်းသား 2 ရောက်နေတာမလို့လေ့လာစရာရှိတာတွေလေ့လာနေရတာကြောင့်မအားဘူးတဲ့လေ. 

ချွမ်းရွေ့မှာလည်းရှန်အိမ်တော်ရဲ့ဆက်ခံသူတစ်ယောက်ဖြစ်လာအောင်လေ့ကျင့်ရေးသင်တန်းတွေဆင်းနေပြီဖြစ်သည်. အမှန်တော့တွေကချွမ်းရွေ့ရဲ့အကြံအောင်မြင်ဖို့အတွက်သက်သက်သာသင်နေတာဖြစ်ပြီးဆက်ခံသူဖြစ်လာအောင်ဆိုတာကအယောင်ပြသက်သက်သာ. ထွက်ပြေးပြီးလို့တစ်ယောက်တည်းရှင်သန်ရမဲ့အချိန်ကျရင်ရှင်သန်နိုင်အောင်သိသင့်သိထိုက်တာတွေသင်ယူရမယ်လေ. ယူဂျင်းနီးကတော့ချွမ်းရွေ့လိုဓါးရေးတို့မြင်းစီးတို့သင်ယူဖို့ငယ်သေးတာမလို့စာပေသာအဓိကသင်ကြားနေရသည်လေ. 

လေ့ကျင့်ရေးသင်တန်းတွေနဲ့မအားလပ်တဲ့အချိန်ကများတာမလို့ယူဂျင်းနီးနဲ့တောင်စားချိန်သောက်ချိန်နဲ့ညအိပ်ချိန်ကလွဲပြီးမတွေ့နိုင်ဒီဝတ္ထုကမ္ဘာကြီးအကြောင်းလေ့လာသင်ယူစရာရှိတာတွေသင်ယူပြီးဓလေ့ထုံးတန်းရိုးရာတွေအကြောင်းကိုပါသေသေချာချာလေ့လာဖြစ်နေသည်. ဝတ္ထုဇာတ်ကြောင်းကိုတော့ချွမ်းရွေ့မှတ်မိသလောက်စာအုပ်လေးထဲမှာချရေးထားဖြစ်သည်. မသေအောင်ကြံရင်းထွက်ပြေးဖို့အစီအစဥ်ဆွဲရင်းပေါ့ .

'ခံစားချက်တွေကိုသေချာနားမလည်သေးတဲ့ချွမ်းရွေ့ကမိမိရဲ့သူငယ်ချင်းအပေါ်ကိုအစွဲအလမ်းကြီးပြီးအခြားသူတွေနဲ့ခင်မင်သွားမှာကိုမနာလိုတဲ့စိတ်ကလေးပေါ်ပေါက်လာတဲ့အခါအဲ့ဒီခံစားချက်ကိုအချစ်လို့ခေါင်းစဥ်တပ်ခဲ့တယ်. ငယ်ငယ်ကတည်းကချစ်ရတဲ့မိခင်ဖြစ်သူကိုဆုံးရှုံးခဲ့ပြီးဖခင်ဖြစ်သူရှန်သခင်ကြီးကလည်းအချိန်သေချာမပေးနိုင်တဲ့အခါမေတ္တာတရားတို့ငတ်မွတ်နေတဲ့ချွမ်းရွေ့ဟာမိမိအပေါ်ကောင်းပေးပြီးဂရုစိုက်ကြင်နာပေးတတ်တဲ့ဂယူဗင်းအပေါ်ကိုသံယောဇာဥ်တွယ်သွားခဲ့တယ်. 

His sweet heartWhere stories live. Discover now