Chapter 7 ♥️💕

429 49 10
                                    

ချွမ်းရွေ့တစ်ယောက်တစ်အိမ်လုံးကိုဂျစ်ပြီးနေလာတာတော်တော်ကြာနေပြီဖြစ်သည်. မြှားမှန်ပြီးနောက်ချွမ်းရွေ့တစ်ပတ်လောက်သတိလစ်သွားခဲ့သည်. ချွမ်းရွေ့ကိုကုသပေးခဲ့တဲ့သမားတော်ရဲ့ပြောပုံအရမြှားမှာသုတ်လိမ်းထားခဲ့တဲ့အဆိပ်ကသာမာန်လူဆိုရင်ချက်ချင်းအသက်သေစေနိုင်ပေမဲ့ ချွမ်းရွေ့အသက်ဆက်ရှင်နိုင်နေရတဲ့အကြောင်းကအချိန်မသင့်သေးပဲစောပြီးပေါ်ထွက်လာတဲ့ချွမ်း‌ရွေ့ရဲ့စွမ်းအားအရင်းအမြစ်ကြောင့်တဲ့လေ. လူအယောက်တစ်ထောင်မှာမှတစ်ယောက်သာအသက်မပြည့်သေးပဲစွမ်းအားအရင်းပေါ်ထွက်လာတတ်သလိုအဲ့ဒီလိုစောစောပေါ်ထွက်လာတတ်တဲ့လူနည်းစုထဲကသူတွေကလည်းစွမ်းအင်မတည်ငြိမ်မှုနဲ့ရင်ဆိုင်တတ်တယ်တဲ့လေ. ချွမ်းရွေ့ကထိုနည်းစုထဲကလူတစ်ယောက်ဖြစ်မှန်းမသိဖြစ်လာပြီး water element ရဲ့ကုသရေးစွမ်းအားကိုပိုင်ဆိုင်တဲ့သူတစ်ဦးဖြစ်လာရသည်. သို့သော်စိတ်တိုင်းကျစွမ်းအားကိုအသုံးပြုခွင့်မရ အဆိပ်မြှားရဲ့အကျိုးဆက်ကြောင့်ရောစွမ်းအားမတည်ငြိမ်တာကြောင့်ရော လိုတာထက်ပိုသုံးမိရင်တစ်ပတ်လောက်ထိအိပ်ယာထဲလဲနေတတ်သည်လေ. ချွမ်းရွေ့ရဲ့ကိုယ်ပိုင်ကုသရေးစွမ်းအားကြောင့်ပြန်လည်ကျန်းမာလာပေမဲ့အဆိပ်ဒဏ်ကြောင့်အရင်လို လိုရာလုပ်နိုင်တဲ့အခြေအနေမျိုးမဟုတ်တော့ပဲတစ်ခုခုဆိုဖျားနာလာတတ်တဲ့အထိချူချာလာတာကြောင့်အမြဲသတိနဲ့နေရသည်. ယူဂျင်းကိုလည်းအရင်လိုအချိန်ပေးပြီးဂရုမစိုက်ပေးနိုင်တော့ အဲ့ဒီအစားချွမ်းရွေ့ကိုယူဂျင်းကအနားမှာအမြဲနေပြီးဂရုစိုက်ပေးလာသည်. လုပ်ကြံမှုအတွက်ရှန်သခင်ကြီးရဲ့အာဏာနဲ့စုံစမ်းစစ်ဆေးရေးလုပ်လိုက်တော့လုပ်ကြံသူကလူမှားပြီးလုပ်ကြံသွားခဲ့တာတဲ့လေ. ခိုင်းစေသူကိုစစ်မေးတော့မပြောပြရသေးခင်တစ်ကိုယ်လုံးလောင်ကျွမ်းသွားကာပြာပဲကျန်ခဲ့တာမလို့လုပ်နိုင်တာဟာဘာမှမရှိခဲ့.

ချွမ်းရွေ့ကြောင့်ဇာတ်ကြောင်းလည်းပြောင်းသွားခဲ့ရသည်. ဝတ္ထုထဲကလိုဧကရာဇ်မှာလည်းအိမ်ရှေ့စံကိုပြန်ရှာမတွေ့သွားခဲ့ ဝတ္ထုထဲမှာယူဂျင်းရဲ့အဆိပ်ခံနိုင်အားကြောင့်အိမ်ရှေ့စံမှန်းသိသွားခဲ့ရတာဆိုပေမဲ့ချွမ်းရွေ့ကကျကိုယ့်ရဲ့ကုသရေးစွမ်းအားကြောင့်အသက်ရှင်ကျန်ရစ်နေခဲ့တာမလို့ဇာတ်ကြောင်းတစ်ခါထပ်လွဲသွားရသည်. ယူဂျင်းကိုတော့အားနာမိပေမဲ့ချွမ်းရွေ့လည်းအသက်ဆက်ရှင်ချင်နေတဲ့သူတစ်ဦးပဲမဟုတ်လားမတတ်နိုင်ဘူးလေအမှန်တရားကိုအမြဲတမ်းဖုံးကွယ်ထားဖို့မဖြစ်နိုင်ဘူးဆိုတာသိနေပေမဲ့ပေါ့.

His sweet heartWhere stories live. Discover now