👑 1

370 46 7
                                    

ကြီးမားကျယ်ပြန့်သော တိုင်းပြည်ကြီးတစ်ပြည်။

စစ်မက်အင်အား၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး အစစ အရာရာကောင်းမွန်ပြီး စည်ကားသည်။ အိမ်နီးချင်းတိုင်းပြည်များနှင့်လည်း ဆက်ဆံရေးပြေပြစ်ပြီး လက်အောက်ခံနိုင်ငံပေါင်းများစွာကို သိမ်းသွင်းထားနိုင်သည်။ တိုင်းသူပြည်သားအားလုံး အလုပ်အကိုင် အဆင်ပြေကြပြီး အေးချမ်းနေသည့် ထိုတိုင်းပြည်ကို ချန်း နိုင်ငံတော်ဟုခေါ်သည်။

ချန်းနိုင်ငံကို အုပ်ချုပ်သူ အရှင်မင်းကြီးတွင် နန်းတက်ရန် လျာထားသည့် သားတော် ၃ ဦးရှိသည်။
မြောက်နန်းစံ မိဖုရား၏ သားတော် မင်းသား ပတ်ချန်းယောလ်။
အလယ်နန်းစံ မိဖုရား၏ သားတော် မင်းသား ဝမ်ယူ။
အနောက်နန်းစံ မိဖုရား၏ သားတော် မင်းသား ဒယ်ဂျွန်ဆောင်း။

မင်းသား ၃ ဦးစလုံးက အရည်အချင်းပြည့်မီလှသည်မို့ အရှင်မင်းကြီး နန်းလွှဲတဲ့အခါ ဆက်ခံမည့်သူကို တစ်တိုင်းပြည်လုံးက စိတ်ဝင်စားကြသည်။ ပြည်သူတွေနေထိုင်တဲ့ ဈေးလမ်းလေးတွေထဲက လောင်းကစားဝိုင်းတွေမှာ ကစားနည်းမျိုးစုံကို အလောင်းအစားလုပ်ကြပြီး နည်းလမ်းကုန်လျှင်တော့ ဘယ်သူနန်းတက်မလဲဆိုတာကို လောင်းကြသည်။ အုပ်ချုပ်သူမင်းက အရည်အချင်းပြည့်ဝလွန်းတော့ တိုင်းသူသူပြည်သားများပျော်ရွှင်ကြသည်။ ရာသီဥတုမှန်ပြီး သီးနှံအထွက်တိုးသည်။ အရောင်းအဝယ်လည်း အဆင်ပြေကြသည်။

ထိုသို့ အစစအရာရာပြည့်စုံကုံလုံနေပြီး ပျော်ရွှင်စရာကောင်းနေသည့် အချိန်တွင် တိုင်းသူပြည်သားအပေါင်း စိတ်နှလုံးမချမ်းမြေ့ဖွယ် ကိစ္စတစ်ခု ပေါ်ထွက်လာခဲ့သည်။ အရှင်မင်းကြီးမှာ ကြီးမားတဲ့ ရောဂါတစ်ခု အမြစ်တွယ်နေလေပြီ။ ကျန်းမာရေးနှင့်မပြည့်စုံတော့သောကြောင့် ဆက်ခံသူကို ရွေးချယ်ရန် တိုင်းပြည်ရဲ့ အရာရှိ အရာခံ မှူးမတ်များက အကြံပြုကြသည်။ မင်းကြီးက ထိုအကြံပြုချက်ကို လက်ခံသော်လည်း ခက်ခဲနေသည့်ကိစ္စတစ်ခုရှိသည်။ မင်းမျိုးဆက် ၃ ယောက်ထဲကနေ တိုင်းပြည်ကို ဆက်ခံဖို့ သင့်တော်သည့် သားတော်ကို အရှင်မင်းကြီးက ယခုထက်တိုင်ရှာမတွေ့သေး။ မိဖုရားကြီးရဲ့ သားတော်ကိုရွေးချယ်ကာ ထီးနန်းပေးဖို့ရာလည်း မိဖုရားကြီးက ကံတော်ကုန်ခဲ့ပြီဖြစ်သလို လျာထားသည့် အိမ်ရှေ့စံကလည်း မတော်တဆမှုကြောင့် အမြင်အာရုံကွယ်သွားခဲ့သူဖြစ်လို့ အရှင်မင်းကြီးအတွက် ရွေးချယ်ရ ခက်ခဲလှသည်။

THE EMPRESSTempat cerita menjadi hidup. Temukan sekarang