👑 5

158 40 8
                                    

လန် နန်းတော်၏ ချယ်ရီတောအစွန်ရှိ ဆုတောင်းစေတီ။
ထိုစေတီက လန် နိုင်ငံတော် ဖြစ်မလာမီကပင် ရှိခဲ့သည့် စေတီဖြစ်သည်။ နိုင်ငံတော်ဖြစ်မလာခင် ခရီးသွားတို့ လမ်းတစ်ထောက်နားရာ နေရာဖြစ်သလို အခက်အခဲများအတွက် ဆုတောင်း သစ္စာပြုကြရာနေရာလည်းဖြစ်သည်။ လန် နိုင်ငံတော် တည်ထောင်သည့်အချိန်တွင် နတ်ဆရာများနှင့် သေချာတွက်ချက် နေရာရွေးပြီး ဆုတောင်းစေတီကိုပါ နန်းတော်အဝန်းအဝိုင်းထဲထည့်သွင်း ကာရံခဲ့သည်။ ဆုတောင်းစေတီက အထူးအရေးကြီးသော ကိစ္စများအတွက် သစ္စာဆို ဆုတောင်းရာ နေရာဖြစ်သည်။ သစ္စာမှန်လျှင် အထူးအကျိုးပေးပြီး ဖောက်ပြားခဲ့ပါက တန်ပြန် အပြစ်ဒဏ်သင့်သည့်နေရာဖြစ်သည်။

နန်းတော်တစ်ခုလုံး ညစာ စားတော်ပွဲအတွက် အလုပ်များနေကြချိန်တွင် ထို ဆုတောင်းစေတီအနီး၌ လူတစ်ဦးရှိနေခဲ့သည်။ နီညိုရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့်လူက ဆုတောင်းစေတီအနီးတွင် သစ္စာပြုတိုင်တည်နေခဲ့သည်။

"ကျွန်တော်မျိုးက လန် နိုင်ငံမှာမွေးဖွားပြီး လန် နိုင်ငံသစ္စာခံဖြစ်ပါတယ်
လန်နိုင်ငံကို တစ်ကြိမ်တစ်ခါလေးမျှ သစ္စာဖောက်ပြားခဲ့ခြင်းမရှိပါ
လန် ဘုရင်မင်းမြတ်နှင့် အမျိုးအဆွေများကို သွေးသားရင်းသဖွယ်ချစ်ခင်သည်မှာ အမှန်ဖြစ်ပါသည်
ဤမှန်သောစကားကြောင့် မင်းသမီးဆူမြောင်နှင့် လူစားထိုးသည့်ကိစ္စတွင် လန် နိုင်ငံအပေါ် သက်ရောက်မှု စိုးစဉ်းမျှ မရှိပါစေနှင့်
အမှားမှန်သမျှ ကျွန်တော်မျိုးပေါ်သာ သက်ရောက်ပါစေ"

သူ့ရဲ့သစ္စာစကားအပြီး တည်ငြိမ်နေသည့် လေက တဝေါဝေါတိုက်ခတ်လာသည်။
အနီးအနားရှီ ချယ်ရီပင်ကိုင်းများ တစ်ခုနှင့်တစ်ခု ပွတ်တိုက်သံ တရွှီရွှီက ကြက်သီးထဖွယ်ရာပင်ဖြစ်သည်။ လေအရှိန်ကြောင့် သူဝတ်ဆင်ထားသော ဝတ်ရုံစမှာ တဖြတ်ဖြတ်လွင့်နေခဲ့သလို စေတီအနားတစ်ဝိုက်ထုံးဖွဲ့ထားသည့် အဆောင်လက်ဖွဲ့ကြိုးများမှာလည်း ရမ်းခါနေတော့သည်။ လေငြိမ်သွားသည်အထိ နေရာမှာရပ်နေပြီးမှ နန်းဆောင်တွေရှိရာဘက်ဆီပြန်ခဲ့သည်။ ပတ်ဝန်းကျင်က လေပြင်းတိုက်ခဲ့ချိန်နှင့်မတူညီစွာ ငြိမ်သက်လို့နေပြီး သူထွန်းညှိခဲ့သော ဖယောင်းတိုင်လေးကလည်း မီးစာမငြိမ်းဘဲ တောက်လောင်နေဆဲပင်ဖြစ်သည်။

THE EMPRESSWhere stories live. Discover now