👑 2

156 47 3
                                    

လန် နိုင်ငံတော်။
အင်အားတောင့်တင်းသော ချန်းနိုင်ငံတော်၏ အရှေ့အရပ်တွင်ရှိပြီး အေးချမ်းသာယာသော တိုင်းပြည်ငယ်လေးဖြစ်သည်။ ပတ်ပတ်လည်ဝိုင်းနေသော နိုင်ငံကြီးများက သိမ်းသွင်းရန် မျက်စိကျနေရသော တိုင်းပြည်ဆိုလည်း ဟုတ်သည်။ ထိုတိုင်းပြည်က ရေမြေ အနေအထားကောင်းပြီး စီးပွားဖြစ်သည်။ မြစ်ချောင်းဆုံရာနေရာလည်းဖြစ်နေတော့ ကူးသန်းသွားလာရေးအတွက်လည်းကောင်းသည်။ တိုင်းပြည်ကို အုပ်ချုပ်သည့် ဘုရင်အပါအဝင် တိုင်းပြည်၏ အဓိကနေရာတွင် တာဝန်ထမ်းဆောင်ကြသူများက အရည်အချင်းရှိသည်။
ယဉ်ကျေးသိမ်မွေ့သည်။ အေးချမ်းကြသည်။ လန်တိုင်းပြည်၏ ဘုရင်မင်းမြတ်တွင် သားတော်တစ်ပါးနှင့် သမီးတော် တစ်ပါးရှိသည်။ သားတော်က နန်းတက်ရန် လျာထားသည့် အိမ်ရှေ့စံဖြစ်ပြီး မင်းသမီး ဆူမြောင်ကတော့
မဟာမိတ်ဖွဲ့သည့် တိုင်းပြည်က ဘုရင်၏ မိဖုရားဖြစ်စေ၊ အိမ်ရှေ့မင်းသား၏ ကြင်ယာတော်ဖြစ်စေ ဖြစ်လိမ့်မည်ဟု အားလုံးက သိထားကြသည်။

လန် နိုင်ငံတော်သို့ သတင်းစကားမကြားဘဲ ရုတ်တရက်ရောက်ရှိလာသော ချန်းနိုင်ငံ၏ ရှေ့တန်းတပ်ဖွဲ့ကြောင့် လန် ဘုရင်မှာ မျက်ခုံးလှုပ်နေရသည်။ သာမန်ဆို တိုင်းပြည်မဟာမိတ်ဖွဲ့ဖို့ လေ့လာလိုလျှင် သံတမန်အဖွဲ့က အရင်ဆုံးလာရသည်မဟုတ်လား။ ချန်းနိုင်ငံ၏ သံတမန်အဖွဲ့က တိုင်းခြားနယ်စပ်ဘက်ကို ထွက်သွားသည့် သတင်းရထားခဲ့ပြီးကာမှ ဒုတိယမင်းသား ဦးဆောင်သည့် ရှေ့တန်းအထူးတပ်ဖွဲ့က ရုတ်တရက်ကြီး ရောက်လာခဲ့သည်။ လန် ဘုရင်က အမြော်အမြင်ကြီးပြီး ပါးနပ်သူမို့ နန်းတက်မင်းသား သုံးဦးထဲမှ တစ်ဦးတော့ နိုင်ငံကို ရောက်လာနိုင်ကြောင်း၊ မဟာမိတ်ဖွဲ့နိုင်ကြောင်း ကြိုတင် တွေးထားမိသော်လည်း
ရုတ်တရက်ဆန်သည့်အခြေအနေကြောင့် စိတ်ပူပင်နေရသည်။ ထို့အပြင် ရောက်လာသူ မင်းသားကလည်း မျက်နှာထား တင်းမာလှသူမို့ အခစားဝင်ရသည့် နန်းတွင်းဝန်ထမ်းများကပါ ကြောက်လန့်နေကြသည်။

ညနေခင်းလေးတင် ရောက်လာပြီး နန်းတော်ရဲ့ ချယ်ရီတန်းဘက်အထိ တစ်ကိုယ်တည်း ခြေဆန့်ပြီးသော မင်းသားအကြောင်း၊
ဆူမြောင် မင်းသမီးရဲ့ ကိုယ်ရံတော်နဲ့ ဓားချင်းယှဉ်ခုတ်တော့မည့် အခြေအနေအထိ ဖြစ်ခဲ့တဲ့အကြောင်းတွေကို နန်းတွင်းမှာ ပြောလို့မဆုံးနိုင်။ သူတို့နန်းတွင်းမှာတော့ အိမ်ရှေ့စံ၏ ရုပ်ရည်ချောမောတည်ကြည်မှုအကြောင်းပြောဆိုပြီးလျှင် ဒုတိယမြောက်အနေနှင့်ဆူမြောင်မင်းသမီး၏ ကိုယ်ရံတော် ဒိုဂျောင်ဆူးအကြောင်းကို နန်းတွင်းသူများ၏ ပါးစပ်ဖျားတွင် အကြားရဆုံးဖြစ်သည်။ မင်းသမီးနှင့်ငယ်ကတည်းက ခင်မင်ခဲ့တဲ့သူမို့ မင်းသမီးကို အားကျလွန်းသည့် နန်းတွင်းသူများလည်း အများအပြားဖြစ်သည်။ သို့ပေမဲ့ ကိုယ်ရံတော် ဒို ကတော့ မင်းသမီး ဆူမြောင်ကလွဲလို့ ကျန်သည့်အမျိုးသမီးများကို စေ့စေ့ပင် မကြည့်သည့်လူမျိုးဖြစ်နေပြန်သည်။ မနက်စောစော မင်းသမီးနန်းဆောင်ဆီ အခစားဝင်ရာလမ်းတစ်လျှောက် ကိုယ်ရံတော်ဒို လက်ထဲတွင် တစ်နေ့တစ်မျိုး မထပ်ရလေအောင်ပါလာတတ်သည့်
အရောင်အသွေးစုံသော ပန်းလှလှလေးများ၏ ပိုင်ရှင်က မင်းသမီး ဆူမြောင် တစ်ဦးတည်းသာဖြစ်သည်။ ဘုရင်မင်းမြတ်၏ အခွင့်အရေးပေးမှုကြောင့် ကိုယ်ရံတော် ဒိုက နန်းတွင်းသွေးပါသော မင်းသား မင်းသမီးများ အမျိုးအဆွေများသာ တက်ရောက်ရသော ကျောင်းတွင်လည်း ပညာဆည်းပူးခွင့်ရခဲ့သလို လန်နိုင်ငံ၏ အိမ်ရှေ့စံနှင့်လည်း အတူတူ ကိုယ်ခံပညာများ သင်ယူခွင့်ရခဲ့သည်။ ထို့ကြောင့် ကိုယ်ရံတော်ဒိုအပေါ် နန်းတွင်းသူများအပြင် သာမန်အိမ်တော်များမှ သခင်မလေးများ၏ တိမ်းညွှတ်မှုသည် အံ့ဩဖွယ်ရာတော့မဟုတ်ခဲ့ပေ။

THE EMPRESSWhere stories live. Discover now