👑 3

149 46 3
                                    

ယခင်နေ့များထက်ပင် ပို၍စောစီးစွာ နိုးလာသော မနက်ခင်း။ ကျေးငှက်သံပင် စုံအောင် မကြားရသေးပေမဲ့ ဒိုဂျောင်ဆူးကတော့ ဝတ်စုံပြည့်ဝတ်ဆင်ပြီးလို့ အိပ်ဆောင်ကနေ ထွက်ခဲ့ပြီဖြစ်သည်။ မင်းသမီး ဆူမြောင် မနက်ခင်းပွဲတော်မတည်မီအခစားဝင်ရန်နှင့် မနက်တိုင်းလုပ်ဆောင်နေကျ ပန်းများဆက်သရန် ပန်းခင်းရှိရာဆီသို့ထွက်ခွာခဲ့သည်။

နီညိုရင့်ရင့်ဝတ်ဆင်ထားသော ကိုယ်ရံတော်ဒိုရဲ့ အရောင်အဝါတွေက နန်းတွင်းလျှောက်လမ်းတွေပေါ်မှာ လင်းထွက်နေသည်။ မနက်ခင်းပွဲတော်တည်ရန် အလုပ်များနေကြသော နန်းတွင်းသူများကလည်း လုပ်လက်စ သွားလက်စများကို ရပ်လျက် ကိုယ်ရံတော်ကို ငေးကြည့်ကြသည်။ ဖြူဝင်းကြည်လင်နေသောအသားအရေ ကြက်သွေးရောင်နှုတ်ခမ်းထူထူတွေ နက်မှောင်ပြီး တောက်ပနေသည့် မျက်လုံးတွေအရာအားလုံးက ကြည့်ကောင်းနေသလို ထိုအသားအရေနှင့်လိုက်ဖက်စွာ ဆင်မြန်းထားသည့် နီညိုရင့်ရင့်ဝတ်စုံကြောင့်လည်း ယနေ့ပိုပြီး ဆွဲဆောင်အားကောင်းနေတော့သည်။

မကြာမီမှာပဲ ပန်းခင်းဆီမှ အဝါတောက်တောက် ဂန္ဓမာပန်းများ ခူးယူလာပြီး မင်းသမီးဆူမြောင်နန်းဆောင်ဆီသွားလို့နေသော ကိုယ်ရံတော်ဒို။ ထိုစဉ် လန်ဘုရင်မင်းမြတ်နှင့်အတူ ပွဲတော်တည်ရန် အိပ်ဆောင်ကနေ ကြွချီလာသော မင်းသား ချန်းယောလ်ကလည်း လူအများ မျက်လုံးကစားရာနေရာဆီ လိုက်လို့ကြည့်မိသည်။ ဝတ်စုံရဲ့အရောင်နှင့် လက်ထဲမှ ပန်းဝါဝါလေးတွေ၏ ပနံရနေမှုကို တီးတိုးချီးကျူးစကားများလည်း သူကြားနေရသည်။ ကိုယ်ရံတော် တစ်ယောက်က ဒီလိုမျိုး မနက်ခင်း ပန်းပို့တဲ့အထိ လုပ်ပေးစရာလိုသလား။ သူ့ရဲ့နန်းသွေးတော်စပ်တဲ့ ညီမတော်တွေမှာလည်း ကိုယ်ရံတော်တွေရှိကြပေမဲ့ ထိုကဲ့သို့ အစခပ်သိမ်း လိုက်၍လုပ်ဆောင်နေပေးသူမရှိပါ။ နန်းတွင်းပြင်ပ ဝေးလံသည့်နေရာသွားမှသာ လိုက်လံစောင့်ရှောက်ပေးကြရတာဖြစ်သည်။

"လန်နိုင်ငံရဲ့ကိုယ်ရံတော်တွေက မနက်ခင်း ပန်းဆက်တဲ့အလုပ်ကိုပါ လုပ်ရတာလား"

မင်းသားချန်းယောလ်ရဲ့အမေးကို အထိန်းတော်တစ်ဦးက ဖြေပေးသည်။ ထိုအထိန်းတော်က မနက်ကတည်းက မင်းသားရဲ့နန်းဆောင်ကိုရောက်နေခဲ့တာဖြစ်ပြီး လိုအပ်တာ ကူညီဖို့နဲ့ သိလိုတာတွေ မေးနိုင်ဖို့ လန် ဘုရင်က လွှတ်ပေးထားတာဖြစ်သည်။

THE EMPRESSWhere stories live. Discover now