👑 9

214 48 6
                                    

မင်းသားချန်းယောလ်၏ နန်းဆောင်တွင်း ကြင်ယာတော်ဆူးနှင့်အတူ ညနေစာပွဲတော်တည်ရန် စားပွဲကိုတည်ခင်းသူများက ဂရုတစိုက် ပြင်ဆင်ထားကြရသည်။ ပွဲတော်တည်သည့်အချိန်တွင် မည်သူမျှ အနားမှာနေခွင့်မရှိဟု အမိန့်ထုတ်ထားသောကြောင့် လိုလေသေးမရှိပြင်ဆင်ပြီး ပြန်စစ်ဆေးနေချိန်တွင် မင်းသားနှင့်အတူ ကြင်ယာတော်ပါ အဆောင်သို့ဝင်လာကြသည်။

"ပွဲတော်တည်ဖို့ အဆင်သင့်မဖြစ်သေးတာလား"

"အဆင်သင့်ဖြစ်ပါပြီ မင်းသား
လိုအပ်တာရှိမရှိ ထပ်စစ်ဆေး..."

"မလိုဘူး အပြင်ထွက်တော့
မခေါ်ဘဲဝင်မလာနဲ့"

ခပ်ပြတ်ပြတ် အမိန့်ပေးသံနောက် ပွဲတော်တည်ခင်းသူများအပါအဝင် မင်းသားရဲ့အတွင်းဆောင်မှာခစားသည့် နန်းတွင်းသူများပါ အဆောင်ပြင်သို့ အလျင်အမြန် ထွက်သွားကြသည်။ မင်းသားချန်းယောလ်က ပွဲတော်တည်ရန် ခုံမှာဝင်ထိုင်လိုက်ပြီး ကြင်ယာတော်ကိုလည်း မျက်နှာချင်းဆိုင်ခုံမှာ နေရာယူစေသည်။

ညနေစာ တည်ခင်းနေချိန်တွင် စကားမပြောဖြစ်ကြသေးဘဲ တိတ်တိတ်ဆိတ်ဆိတ်သာ တည်ခင်းဖြစ်ကြသည်။ တစ်ချက်တစ်ချက် မင်းသားချန်းယောလ်က ကြင်ယာတော်သုံးဆောင်ရတာ အဆင်ပြေမပြေ အကဲခတ်မိတာကလွဲလို့ စကားမပြောဖြစ်ကြပါ။

ပွဲတော်တည်လို့အပြီး အချိုပွဲသုံးဆောင်ရန် တည်ခင်းထားသည့် စားပွဲပေါ်မှ မုန့်ပွဲများကို ကြင်ယာတော်က နည်းနည်းချင်းစီ မြည်းစမ်းကြည့်လို့နေသည်။ ဆန်မုန့်လိုမျိုး ခပ်ဝိုင်းဝိုင်းမုန့်ပေါ် ချယ်ရီပွင့်ဖတ်လေးနှင့် အလှဆင်ထားသည့် မုန့်ကိုကြည့်ပြီး သူ့ရဲ့ ဇာတိမြေ ဖြစ်ခဲ့ရာ လန် နိုင်ငံကို သတိရမိပြန်သည်။

ချန်း နိုင်ငံကို ရောက်လာချိန်က တစ်လပင်မပြည့်သေးပေမဲ့ သူကတော့ သူ့နိုင်ငံရှိရာကို လွမ်းဆွတ်လှပြီဖြစ်သည်။ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လိုက်လာခဲ့ပေမဲ့ သူ့ရဲ့တစ်ခုတည်းသော ဦးတည်ချက်က ဇာတိမြေရှိရာကို ပြန်သွားနိုင်ရန်ဖြစ်သည်။

"လပြည့်ကျော်ပြီးတဲ့အခါ ကိုယ်တော်တို့ လက်ဆက်ပွဲကျင်းပမယ်"

THE EMPRESSWhere stories live. Discover now