Every little thing is gonna be alright

106 18 12
                                    

"ကဲ ကိုယ့်ကိုဘာဖြစ်ခဲ့တာလဲ ပြောပြဖို့ အခုအဆင်သင့်ဖြစ်ပြီလား ချွဲဘောမ်"
ကိုယ်ထပ်မေးလိုက်တာနဲ့ ချက်ချင်းပဲ ကလေးမျက်နှာလေးဟာ ညှိုးကျသွားပြန်တယ် သို့သော် ဒီတစ်ခါမှာတော့ ကိုယ်ထပ်ပြီး ရှောင်လွှဲသွား၍မဖြစ် ။ ကိုယ့်ကလေးငယ် ဘာဖြစ်နေလဲ ကိုယ်သိရမှဖြစ်မည် မဟုတ်ရင် ကိုယ့်ရင်တွေ ပူလွန်းလို့ ရူးရတော့မည်မဟုတ်လား ။

"ဟျောင်း"
နောက်ဆုံးတော့ ကိုယ့်ကလေးငယ် စကားစပြောလေပြီ။

"အင်း ကိုယ့်ကိုပြောပြပါ ဘောမ်"

လွန်ခဲ့သော နာရီအနည်းငယ်ကဖြစ်သည်-

Beomgyu Pov :

"ချွဲဘောမ်ဂယူ"
ကျွန်တော့်နာမည် ခေါ်သံကြား၍ လှည့်ကြည့်မိသည် မြင်လိုက်ရသည်မှာ ကျွန်တော်တို့ ဆေးကျောင်းတွင် ရာထူးအကြီးဆုံးဖြစ်သည့် ကျောင်းအုပ်ဆရာကြီးဖြစ်လေသည်။

ချက်ချင်းပဲ ကျွန်တော် ခေါင်းညွှန့်၍ နှုတ်ဆက်ပြီးနောက် ဘာအကြောင်းရင်းများရှိမည်လဲဟု တွေးနေရင်း
" ဒီအပတ်ထဲမှာ ကျောင်းက ဆရာ ဆရာမတချို့ နယ်ဘက်က ဆေးခန်းမရှိတဲ့ ကျေးရွာလေးတွေကို သွားပြီး ကျန်းမာရေးစစ်ဆေးပေးဖို့ ဆရာတို့ တိုင်ပင်ထားကြတယ် ချွဲဘောမ်ဂယူ ။ နောက်ပြီး မနက်ကပြုလုပ်တဲ့ အစည်းအဝေးမှာ ဆရာမတယောက်ရဲ့ ‌အကြုံပြုချက်အရ မင်းတို့နောက်ဆုံးနှစ်ကျောင်းသားကျောင်းသူတွေကိုလဲ အတွေ့အကြုံရအောင် ခေါ်သွားဖို့ ဆရာတို့ သဘောတူခဲ့ကြတယ်ဒီကိစ္စကို အတန်းထဲက တခြားသူတွေသိအောင်လဲ ကြေငြာပေးဖို့ မင်းကို လာပြော‌ပေးတာ "

"ဪဟုတ်ကဲ့ဗျ နယ်ဘက်ကိုသွားမှာဆိုတော့ ဘယ်နှစ်ရက်လောက်ကြာနိုင်မလဲဗျ"

"ရက်အတိအကျတော့ ခန့်မှန်းခြေပြောနိုင်သေးပေမဲ့ အနည်းဆုံးဝောာ့ 1လလောက်ကြာနိုင်မယ် ခန့်မှန်းထားတယ် ဘောမ်ဂယူ"

လေပြေညှင်းရဲ့ အသက်ဆက်တေး ࣪ ִֶָ☾.Where stories live. Discover now