သာယာတဲ့နေ့တနေ့မှာ အစမှာ ငှက်ကလေးတွေ၏ တေးသီကြူးသံနှင့်အတူ မျက်နှာပေါ်ကျရောက်လာသော နေအလင်းရောင်ကြောင့် ချွဲယောန်ဂျွန်းတစ်ယောက် နိုးထလာခဲ့သည်။
မျက်လုံးဖွင့်ဖွင့်ခြင်း အိပ်ယာဘေးမှာ မှောက်လျက်အနေအထားဖြင့် လက်ကိုတင်းတင်းဆုပ်ကိုင်ကာ အိပ်ပျော်နေသော ကပ်ပါးကောင်လေးကို တွေ့ရသောကြောင့် တစ်ချက်ပြုံးမိလိုက်လေသည်။
"အင်း မျက်လုံးဝိုင်းဝိုင်းလေးတွေ နှာတံစင်းစင်းလေးတွေ ဂုတ်ပေါ်သို့ဝဲလျက်ကျနေသော ထိုဆံနွယ်ရှည်တွေ မော်တာလို ပွစိပွစိပြောတတ်တဲ့နှုတ်ခမ်းလေးတွေကအစ အကုန်မြတ်နိုးစရာပါပဲလား"
အိပ်ပျော်နေသော ဘောမ်ငယ်ရဲ့ မျက်နှာကိုသာ စေ့စေ့ကြည့်ရင်း တိတ်တဆိတ်ရေရွတ်နေလေသည်။ ထိုအချိန်တွင် ချွဲယောန်ဂျွန်းခေါင်းထဲ၌ သူ့ကလေးမှအပ တခြားအတွေးမရှိခဲ့ပေ ။"ကိုယ်တောင်းပန်ပါတယ် ကိုယ့်ကလေးငယ် ။ ဒီအတောအတွင်း ဘယ်လောက်တောင်ပင်ပမ်းခဲ့ရမလဲ ကိုယ်ရှိနေပေးခဲ့သင့်တာကို" ရုတ်တရက်၀င်လာသော အတွေးတွေကြောင့် ထပ်ကာထပ်ကာ တောင်းပန်ရင်း ချွဲဘောမ်ခေါင်းလေးကို ပွတ်သတ်ပေးနေမိသည်။
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော ထိုကလေးငယ်ဟာ အခုထိတောင်မနိုးသေးဘူးတဲ့လေ ။
မနက်ခင်းဆိုတော့ ရေဆာတာနဲ့ တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ခံထားရတဲ့လက်ကိုလွှတ်ကာ ရေသောက်ဖို့ပြင်တော့ လက်ကိုအလွှတ်မခံပဲ စကားတွေထပြောတဲ့ ကလေးငယ်။
"ဟျောင်း ကျွန်တော့်ကိုထပ်မထားခဲ့ပါနဲ့တော့ ကျွန်တော့်မှာ တကယ်ဟျောင်းမရှိရင်မဖြစ်လို့ပါ အဟင့် အဟင့်"
အိပ်ရင်းယောင်ပြီး ရှိုက်ကြီးတငယ်ငိုနေပြန်ပြီတဲ့လေ ။"ဘောမ် ဘောမ် ထပါဦးဘောမ်ရဲ့"
ပခုံးနှစ်ဖက်ကို လှုပ်ကိုင်နှိုးမှ မျက်ရည်စမ်းတမ်းစမ်းတမ်းနဲ့မျက်လုံးလေး ကလယ်ကလယ် ဖွင့်ကြည့်လာလေသည်။"အိမ်မက်ဆိုးတွေမက်နေပြန်ပြီလား ကိုယ်လေ ဘောမ့်ကိုထားခဲ့ပြီး ဘယ်မှထပ်မထွက်သွားတော့မှာမို့ စိတ်ချနော် အခုလဲဘာမှမဖြစ်နဲ့တော့ ဒီတိုင်းအိမ်မက်ပဲ ကိုယ်က..."
ပြောရင်းဆိုရင်း ရင်ခွင်ထဲ တိုး၀င်လာသောကလေးငယ်ကြောင့် ကျပ်နေအောင်သာဖက်ထားလိုက်ပြီး နှစ်သိမ့်ပေးနေလိုက်သည် ။ ဟုတ်ပါတယ် တကယ်ကဘာစကားမှထပ်ပြောနေဖို့မလိုပါဘူး အကုန်နားလည်ပြီးသားမို့လေ ။
YOU ARE READING
လေပြေညှင်းရဲ့ အသက်ဆက်တေး ࣪ ִֶָ☾.
Romanceကျွန်တော်ရပ်နေခဲ့တယ် ကမ္ဘာလည်တာ တစ်ပတ်ပြည့်ရင် ဟျောင်းနဲ့ပြန်ဆုံနိုင်လိမ့်ဦးမယ်အထင်နဲ့... လူတွေညာတယ် ကမ္ဘာဟာ တကယ်မှမလည်ပဲ ဘယ်မှာပြန်ဆုံကြလို့လဲ... ။