"လူနာသေဆုံးချိန် 5:53 မိနစ်"
ယုတ္တိမရှိလိုက်တဲ့စကားလုံးတွေ ။ ထိုစကားသံတွေကို ထပ်နားထောင်နိုင်လောက်တဲ့ အသည်းနှလုံးလဲ မရှိတော့တာမို့ ထိုဆေးရုံနဲ့ အဝေးဆုံးကိုပြေးထွက်ခဲ့လေသည်။အခုရောက်ရှိနေတာက ဘယ်နေရာမှန်းတောင်မသိလောက်အောင် လူတွေနဲ့အဝေးဆုံးကိုပြေးထွက်လာခဲ့မိတာ။
"မဖြစ်နိုင်ဘူး ဟျောင်း ဟျောင်းက ဘာလို့ သေရမှာလဲ"
"ငါ့ကို ဟျောင်းက ဘယ်တော့မှ ထားခဲ့မှာမဟုတ်ဘူး သူ-သူတို့လျှောက်ပြောနေကြတာ"
"ဘောမ်"
ထိုအချိန်တွင်ကြားမိလိုက်သော အသံတစ်ခု ။"ဘောမ်"
ဒါ-ဒါဟျောင်းရဲ့အသံပဲ ။"ဟျောင်း ဟျောင်းဘယ်မှာလဲ ကျွန်တော့်ကိုခုလိုမထားခဲ့ပါနဲ့ဗျာ ကျွန်တော်တောင်းပန်ပါတယ်"
ရှိုက်ကြီးတငယ်ငိုချလိုက်ပြီး အမြင်တွေလဲ ဝေဝါးလာတော့သည်။ထိုအချိန်တွင် အနားသို့ ချဉ်းကပ်လာသော ခြေသံကို နားစွင့်မိလေသည် ။ ဝေဝါးပြီး သေချာမမြင်ရလောက်အောင်ငိုခဲ့မိသော မျက်လုံးများကို လက်ဖြင့် ပွတ်လိုက်ပြီး အသံလာရာသို့ လှည့်ကြည့်မိလိုက်သော်လည်း ရုတ်တရက် မျက်လုံးကို လာစူးသော အလင်းတန်းများကြောင့် သေသေချာချာမမြင်တွေ့ရချေ။
လူတယောက်- ဟုတ်တယ် လူတယောက်ပဲ ။ ဒီလူဟာ ရှပ်အကျီအဖြူရောင်၀တ်ထားပြီး သူ၏တစ်ကိုယ်လုံးမှ အလင်းတန်းများစွာဖြာထွက်၍တောက်ပနေလေသည်။
မျက်လုံးကိုနောက်တခေါက် ထပ်ပွတ်လိုက်၍ အနီးကပ်စူးစိုက်ကြည့်သောအခါမှ ဟျောင်းဖြစ်နေလေသည်။
"ဟျောင်း-ဟျောင်းလားဟင် ဟုတ်တယ်မလား ဟျောင်းမသေဘူးနော် ပျော်လိုက်တာ ဟျောင်း-"
အပျော်လွန်၍ ဟျောင်း၏ကိုယ်လုံးအား ဆွဲဖက်ဖို့ ကြံရွယ်ခဲ့သော်လဲ ဖက်၍မရချေ။"ဘာဖြစ်တာလဲ ကျွန်တော် ဘာလို့ဟျောင်းကိုဖက်မရတာလဲ"
"ဘောမ် ကိုယ်ပြောတာသေချာနားထောင်နော်"
ထိုအခါမှ မျက်ရည်စတွေ အပြည့်အလျှံဖြစ်နေသော ဟျောင်း၏မျက်လုံးများအား ကြည့်မိသည်။
YOU ARE READING
လေပြေညှင်းရဲ့ အသက်ဆက်တေး ࣪ ִֶָ☾.
Romanceကျွန်တော်ရပ်နေခဲ့တယ် ကမ္ဘာလည်တာ တစ်ပတ်ပြည့်ရင် ဟျောင်းနဲ့ပြန်ဆုံနိုင်လိမ့်ဦးမယ်အထင်နဲ့... လူတွေညာတယ် ကမ္ဘာဟာ တကယ်မှမလည်ပဲ ဘယ်မှာပြန်ဆုံကြလို့လဲ... ။