comeback!

99 10 10
                                    

"ဒါပေမယ့် ဒီကိစ္စဟာ ကျွန်တော့်အမေနဲ့ဆိုင်ပါတယ်ဆိုတဲ့ သက်သေမရှိဘူးလေ လူတိုင်းဟာ အမှားနဲ့တော့မကင်းပါဘူး ဒါပေမယ့် ဆရာ၀န်တယောက်ရဲ့အလုပ်က လူနာအသက်ကိုကယ်တင်ပေးဖို့ပဲလေ ဘယ်သူကမှတော့ တမင်ရည်ရွယ်ပြီးသေပါစေဆိုတဲ့ စိတ်နဲ့မှမဟုတ်တာ ကျွန်တော်ယုံကြည်တာကတော့ ကျွန်တော့်အမေလဲ သေချာပေါက်အဲ့ကလေးကို ကယ်တင်ပေးဖို့ နည်းမျိုးစုံနဲ့ကြိုးစားခဲ့မှာပဲ အဘွားအမြင်နဲ့တင် လျှောက်တွေးပြီး ခုလိုအမုန်းတရားတွေပွားပြီး သတ်ပစ်စရာထိမှမလိုတာ ဒီအတောအတွင်း ဘယ်လောက်တောင် ပူလောင်ခဲ့ရမလဲ"

"အကျိုးသင့်အကြောင်းသင့်တောင်ပြောမသွားခဲ့ဘဲနဲ့ ရုတ်တရက်တခြားမြို့ကိုပြောင်းသွားပြီဆိုမှတော့ သွေးရိုးသားရိုးလား မင်းဦးနှောက်လေးနဲ့စဉ်းစားစမ်းပါ ငါ့သမီးလေးမယ် သူအခုလို ဘာမှညာမပြောလုပ်သွားခဲ့လို့ ငါ့မြေးလေးစိတ်နဲ့ ဆုံးပါးသွားခဲ့ရတာ အရာအားလုံးသူ့အပြစ်ပဲ သူ့ကိုငါ့လက်နဲ့သတ်ခွင့်မရခဲ့တာကိုက ငါ့အတွက်အကြီးမားဆုံးနောင်တပဲ ။"

ထိုအချိန်မှာတော့ အဘွားဟာတယောက်တည်းရယ်လိုက်ငိုလိုက်ဖြစ်နေကတည်းက ချွဲဘောမ်ဂယူနဲ့ ကျွန်တော်(ချွဲယောန်ယူ)လဲ သတိထားမိလိုက်ပါပြီ အဘွားဟာသေချာပေါက် ယဉ်"လေးရူးနေခဲ့ပြီဆိုတာကိုပေါ့ ။ ပုံမှန်အချိန်ဆို အမြဲလူကောင်းအတိုင်းရှိနေခဲ့တဲ့ အဘွားက အခုတော့ ဒီလိုမျိုးဖြစ်နေခဲ့တယ်ဆိုတာ ယုံတောင်မယုံနိုင်တော့ပါဘူး ။

ဒီလိုနဲ့ အဘွားစိတ်ကိုငြိမ်အောင်ထိန်းပြီး အိပ်ပျော်ကာမှ ကျွန်တော်တို့ စိတ္တဇ ဆေးရုံကိုပဲခေါ်သွားခဲ့ပါတော့တယ်။

ဘောမ်ဂယူ ခေါင်းထဲမှာ ဖြေရှင်းစရာတွေရှိနေပေမယ့်လဲ ထပ်၍မဖြေရှင်းနိုင်တော့လေပြီ ။ အတိတ်ရဲ့အရိပ်တွေနောက်ကိုပဲလိုက်နေရတာ မောလှပြီ ။ ဘာတွေပဲဖြစ်နေပါစေ အခုတော့ကိုယ့်ရဲ့အမောပြေဆေးလေးရှိရာ ဟျောင်းဆီသို့သာ ချွဲယောန်ယူကို လိုက်ပို့ခိုင်းရပေသည်။

နောက်ဆုံးတော့‌အချစ်ရှိရာသို့
ပြန်ရောက်လာခဲ့ပြီ ။

"ချွဲယောန်ဂျွန်းဆိုတဲ့လူနာ ဘယ်အခန်းမှာရှိလဲဗျ"

လေပြေညှင်းရဲ့ အသက်ဆက်တေး ࣪ ִֶָ☾.Nơi câu chuyện tồn tại. Hãy khám phá bây giờ