You are my one in 8 billions

71 10 8
                                    

"သူအခု......

"ဒေါက် ဒေါက် ဒေါက် ×3"

"သားရေ ယောန်ဂျွန်း ချွဲယောန်ဂျွန်း"

အိမ်ရှေ့က တံခါးခေါက်သံကြောင့် လန့်နိုးခဲ့သည်
လန့်နိုးတယ် ? ငါအိပ်ပျော်‌နေခဲ့တာလား ? ဒါဆို ဒါဟာ အိမ်မက်ပေါ့ ! ကျစ် တကယ့်အိမ်မက်ဆိုးပဲကွာ ! ဟူး ဘုရားသခင် အိမ်မက်ဖြစ်နေလို့ တော်ပါသေးရဲ့ ။ နောက်တစ်ကြိမ်ထပ်၍

"ဒေါက် ဒေါက် ဒေါက်"

"ယောန်ဂျွန်းရေ အိမ်ထဲမှာ သားရှိလား"

"ဗျာ ဟုတ် လာပြီ"

အိပ်ချင်ကမူးကဇူးနဲ့မို့ တံခါးဆီသွားရာလမ်းကြောင်းမှာတင် ယိုင်တိုင်တိုင်ဖြစ်နေလေသည် တံခါးဖွင့်ကြည့်လိုက်မှ အိမ်နီးနားချင်း အဒေါ်ဖြစ်နေလေ၏ ။ အကြောင်းအရင်း မမေးခင် လက်နဲ့ပါးစပ်ကို အုပ်၍ တချက်သန်းလိုက်ပြီး

"အဒေါ် ဘာကိစ္စများရှိလို့လဲဗျ"

"သားအဆင်ပြေရဲ့လား သားကို ဆက်သွယ်လို့မရလို့ဆို ချွဲဘောမ်က စိတ်ပူပြီး အဒေါ့်ကို သွားကြည့်ဖို့ ဖုန်းဆက်လို့ အဒေါ်ရောက်လာတာ"

"ဗျာ ဘောမ်က ဖုန်းဆက်တယ်ဟုတ်လား"

"ဟုတ်တယ် တစ်ညလုံး သားဆီကို သူဆက်သွယ်နေတာ မရလို့တဲ့လေ အဲ့တာ စိတ်ပူပြီး ဒီမနက် အဒေါ့်ဆီဖုန်းဆက်လေရဲ့ ယောန်ဂျွန်းနီးဟျောင်းကို စိတ်ပူလို့ပါဆိုပြီး သား‌အိမ်ကို သွားကြည့်ပေးဖို့ အကူညီတောင်းလို့ပါကွယ်"

"ကျွန်တော် မနေ့ညက အလုပ်ပင်ပမ်းပြီး နှစ်"ခြိုက်"အိပ်ပျော်သွားလို့ဗျာ ဒီမနက်လဲ အဒေါ်တံခါးခေါက်မှ နိုးတာရယ်"

"သားအဆင်ပြေရင် ပြီးတာပါပဲကွယ် ဒါဆို အဒေါ်လဲ အိမ်သန့်ရှင်းရေးလုပ်စရာရှိသေးလို့ ပြန်တော့မယ်နော် သား"

"ဟုတ်ကဲ့ပါဗျ အခုလိုလာပြောပေးလို့ကျေးဇူးပါဗျ"

အဒေါ်ပြန်သွားပြီးနောက် ဖုန်းရှိရာ အိပ်ယာပေါ်သို့ ဒုန်းဆိုင်းပြေးလေသည် ။ ဖုန်းကို ဖွင့်ကြည့်လိုက်ရာ ဘောမ့်ဆီကလာသည့် Noti များကိုမြင်ပြီး အံ့ဩမှင်သက်ခဲ့ရလေသည်။

လေပြေညှင်းရဲ့ အသက်ဆက်တေး ࣪ ִֶָ☾.Waar verhalen tot leven komen. Ontdek het nu