Missing you more than ever

93 14 16
                                    

"လေပြေညှင်းတွေ တိုက်ခတ်ပြီးသွားရင် မုန်တိုင်းတွေ လာစမြဲပဲမဟုတ်လား"

Yeonjun Pov :

ဘောမ့်‌ကျောင်းကားထွက်သွားပြီးတဲ့နောက် ရုံးကိုပဲ ထွက်လာခဲ့ကာ လုပ်စရာရှိတဲ့ အလုပ်များကိုသာ လုပ်နေခဲ့တော့သည် ။ သို့သော် စိတ်ထဲတွင် လေးလံထိုင်းမှိုင်းကာ မည်သည်ကို အလိုမကျမှန်းမသိဖြစ်နေ၏ ။ တနေကုန်လုပ်စရာများများစားစားမရှိခဲ့‌သော်လဲ ပင်ပမ်းနွမ်းနယ်ကာ တစ်ကိုယ်လုံးမှာလဲ ‌ညောင်းကိုက်နေသောကြောင့် စောစောအလုပ်ဆင်းကာ အိမ်သို့ ပြန်ခဲ့သည်။

အိမ်ပြန်ရောက်၍ ရေချိုးရန်ပြင်နေစဉ်

"ကလင်"
Message ၀င်သံကြား၍ လက်ကိုင်အိတ်ထဲမှ ဖုန်းကို အလျှင်အမြန်ထုတ်ကာ ဖွင့်ကြည့်ခဲ့ရာ

"ဘောမ်ငယ် ෆ"
"ယောန်ဂျွန်းနီးဟျောင်း ကျွန်တော်အခု ကမ်းသာယာလို့ ခေါ်တဲ့ရွာလေးကို ရောက်နေတာသိလား ဒီရွာက ရှုခင်းတွေကလဲ သိပ်လှတာပဲ ပြီးတော့ ရွာသူရွာသားတွေကလဲ သဘောကောင်းကြတယ် ဒီညတော့ ဒီရွာမှာပဲအိပ်ပြီး မနက်ဖြန်မှဘဲ ဒီအနီးနားမှာရှိတဲ့ ရွာတွေကို စစ်ဆေးကုသပေးရမှာ ဒီရွာတွေမှာက ဖုန်းလိုင်းသိပ်မကောင်းလို့ ဟျောင်းဆီဖုန်းဆက်တာ မ၀င်ဘူးဖြစ်‌နေလို့ message ကနေပဲ ဟျောင်းကို ဆက်သွယ်လိုက်တာ ဒီမှာ အဆင်ပြေတာမလို့ စိတ်မပူပါနဲ့‌နော်ညစာရောစားပြီးပြီလား အလုပ်တွေအလွန်အကျွံလုပ်မနေပဲနဲ့ စောစောအနားယူပါ အူရီဟျောင်း ချစ်တယ် ❤️"

ဘောမ့်ဆီက message ကိုဖတ်ပြီးတော့မှသက်ပြင်းချနိုင်တော့သည်။

"ကိုယ့်ကလေးငယ် ချောချောမွေ့မွေ့ရောက်လို့ တော်ပါသေးရဲ့ကွာ ကိုယ့်မှာ တနေကုန်စိတ်ပူနေရတာသိလား နယ်မှာဆိုတော့ အစားအသောက်ကတော့ ဒီမှာလောက် ဘယ်ပေါပါ့မလဲ အစားဂျီးများမ‌နေပဲ ကောင်း"စားနော် ချွဲဘောမ် ။ ကိုယ်ညစာတော့ မစားရသေးဘူး ဒါပေမဲ့ စိတ်မပူပါနဲ့ အခုရေချိုးပြီးရင် ခေါက်ဆွဲပြုတ်‌သောက်လိုက်မယ် ဟုတ်ပြီလား ဘောမ်အဆင်ပြေတယ်ဆိုရင် ကိုယ်စိတ်ချပါပြီဗျာ ကောင်း"အိပ်နော် Good Night ဘောမ် ဒီကဟျောင်းကလဲများကြီးချစ်တာ သိတယ်မဟုတ်လား ❤️"

လေပြေညှင်းရဲ့ အသက်ဆက်တေး ࣪ ִֶָ☾.Where stories live. Discover now