Ep-2(uni+zawgi)

1.6K 149 4
                                    

လမ်းထိပ်မှာအထုပ်အပိုးတွေနဲ့ဟိုကြည့်ဒီကြည့်လုပ်နေတဲ့အမျိုးသမီးတစ်ဦး လက်ထဲကဖုန်းကိုလဲနားနားကပ်လိုက်ပြန်ချလိုက်နှင်အလုပ်ရှုပ်နေလေသည် သူမနမည်ကား မှုံရီချယ် ချယ်ကဆရာမတစ်ယောက် တိတိကျကျဆိုကျောင်းပြောင်းလာတဲ့ဆရာမတစ်ယောက် ဒီမြို့မှာအချစ်ရဆုံးသူငယ်ချင်းလဲရှိသည်မို့ ဆရာဖြစ်တည်းကဒီနယ်ကိုပြောင်းဖို့စာတင်ထားတာ အခုမှရသည် ရသည့်အချိန်ကလဲကျောင်းပိတ်သည့်ကာလမို့ နွေရာသီကျောင်းပိတ်ရက်ကိုသူငယ်ချင်းဖြစ်သူဆီမှာပဲကုန်ဆုံးဖို့ထွက်လာခဲ့ခြင်းပင် ကားဂိတ်ရောက်တည်းကဖုန်းခေါ်နေတာကိုတစ်ဖက်ကမကိုင်တာကြောင့်ကိုယ့်ဘာသာ taxi ငှားကာလာရသည်

'အမလိပ်စာအတိုင်းဆိုဒီလမ်းပဲဗျ'
'ဟုတ်ကဲ့ ကျေးဇူးနော်'

သစ္စာလမ်းထဲခေါက်တုတ်ခေါက်ပြန်လျှောက်နေသော်လည်း မင်းရင်ခွင် ဆိုသောဆိုင်းဘုတ်တပ်ထားသည့်အိမ်ကိုမတွေ့ နေကလဲပူ အဆောင်းကလဲမပါတာကြောင့် ချယ်တစ်ယောက်စိတ်တော်တော်လေနေပြီ

'မလုစားကြနဲ့လေ ဒီမှာအများကြီးကျန်သေးတယ်'

တံတားပေါ်မှာထိုင်ရင်း ရေထဲငုံကြည့်ကာ ငါးစာကျွေးနေတဲ့ထိုကလေးမလေးကိုမေးဖို့ချင်းကပ်သွားလိုက်သည် ထိုကလေးမလေးရဲ့ပခုံးကိုခပ်ဖွဖွပုတ်လိုက်သည်

'ကလေး'

သူမလေးကထိုင်ရာကနေထလာပြီးချယ့်ကိုသေချာစိုက်ကြည့်တယ် ပြီးတော့မှ တံတားတိုင်ကိုမှီကာချထားတဲ့သူ့အိတ်ထဲကနေတစ်ခုခုကိုကုန်းကာရှာဖွေနေသည် သူဘာလုပ်နေလဲဆိုတာချယ်စောင့်ကြည့်ရင်းနဲ့လမ်းမေးမယ်ဆိုတဲ့ ချယ့် စိတ်ကူးလေးတောင်လွင့်စင်သွားရသည် သူမလေးထုတ်ယူလာတာတစ်ရှူးတစ်ထုပ်ပင်

'ချွေး နှဖူးမှာ'
'သြော်....'

သူမလက်သေးသေးထဲကတစ်ရှူးလေးကိုယူကာချွေးသုတ်လိုက်သည်

'ကျေးဇူးပါရှင့်'
'ရပါတယ် ဒါနဲ့ဘာလို့ခေါ်တာလဲမသိဘူး'
'တို့လမ်းပျောက်နေလို့ လမ်းမေးချင်လို့ပါ'
'ဟုတ် ဒီကအန်တီကဘယ်ကိုသွားချင်လို့လဲ'
'မင်းရင်ခွင်ကို'
'ဟမ်?'
'ဟင်'

တွဲသောလက်မြဲစေ မြဲသောလက်ခိုင်မာစေWhere stories live. Discover now