Ep-7(uni+zawgi)

1.4K 137 4
                                    

ဒီနေ့ကကြီးကြီးဌေးမွေးနေ့မို့ ကြီးကြီးရယ် ချယ်ရယ် ကြည်ပြာရယ်သုံးယောက်အာရုဏ်ဆွမ်းသွားကပ်ခဲ့ကြသည်

'ဒကာမကြီး ဒီတစ်ခေါက်အသက်ဘယ်နှနှစ်ပြည့်တာလဲ'
'၅၆ပါဘုရား'
'အင်း အသက်တွေလဲကြီးပြင်းလာပြီ တရားအားစိုက်ထုတ်သင့်တဲ့အရွယ်ရောက်နေပြီ'
'တင်ပါ့ဘုရား'

ချယ်တို့၃ယောက် ကျောင်းဆောင်လှေကားကနေအဆင်း ချယ်ခြေခေါက်ကာလဲကျသွားတယ်

'အ'
'ချယ်'
'အမလေးချယ်ရယ် ဘယ်လိုဖြစ်ရတာလဲ'
'ဆင်းရင်းခြေခေါက်သွားတာ'
'ရရဲ့လား ထိလို့'
'အင်း ရပါတယ်'

ကြီးကြီးနဲ့ကြည်ပြာကချယ့်လက်မောင်းကိုတစ်ယောက်တစ်ဖက်တွဲကာပြန်ခဲ့ကြတယ်

'ဘယ်လိုလဲ ဆွမ်းကပ်လိုက်ရလို့ပျော်သွားပြီလား'
'ပျော်သွားပြီ မွေးနေ့မှာဆွမ်းကပ်ချင်တယ်ဆိုတဲ့ဆုတောင်းလေးပြည့်သွားလို့တကယ်ကျေနပ်မိတယ်'
'ကလင် ကလင်'

အနောက်ဘက်မှစက်ဘီးဘဲလ်သံကြားတာမို့သုံးယောက်သားလှည့်ကြည့်လိုက်ကြတယ်

'အယ် ရိပ်ညို'
'မောနင်းတီချယ်'
'သူ့တီချယ်တစ်ယောက်ကိုပဲမြင်တော့တာလား ကျုပ်တို့တူအရီးနှစ်ယောက်ကိုရောမမောနင်းတော့ဘူးလား'
'မဟုတ်ပါဘူး အန်တီကြည်ပြာရဲ့ အန်တီကြီပြာရော ကြီးကြီးရော မောနင်း'
'နင်ကလဲမနက်စောစောစီးစီးကလေးကိုရစ်နေပြန်ပါပြီ'
'တီချယ်တို့ဘယ်ကပြန်တာလဲ'
'ဒီနေ့ကကြီးကြီးဌေးမွေးနေ့လေ အဲ့တာအာရုဏ်ဆွမ်းသွားကပ်ပြီးပြန်လာကြတာ'
'မွေးနေ့လား မိုးကိုဘာကျွေးမှာလဲကြီးကြီး'
'အိမ်မှာကြာဇံကြော်ထားတယ် မိုးလေးကအိမ်မှာလာစားလှည့်'
'ဒါနဲ့ တီချယ်ဘာဖြစ်လို့အန်တီကြည်ပြာတို့ကတွဲထားတာလဲ'
'ဘုန်းကြီးကျောင်းကအပြန်ချော်လဲတာလေ ဟုတ်သားပဲ နင်ခြေထောက်နာနေတာ မိုးလေးနောက်ကလိုက်သွားလိုက်လေ'
'ဟုတ်သားပဲချယ်ရဲ့ လိုက်သွားလိုက် မိုးလေး သမီးတီချယ်ကိုစက်ဘီးနဲ့တင်သွားလိုက်စမ်းကွယ် သူခြေထောက်နာနေလို့'

ကြည်ပြာတို့နှစ်ယောက်ရဲ့တွန်းပို့မှု့ကြောင့် ရိပ်ညိုရဲ့စက်ဘီးနောက်လိုက်ပါလာရတော့သည်

တွဲသောလက်မြဲစေ မြဲသောလက်ခိုင်မာစေWhere stories live. Discover now