Ep-6(uni+zawgi)

1.4K 149 8
                                    

ဒီနေ့မနက် ချယ်စောစောနိုးနေသည် လုပ်စရာအလုပ်ရှိသည်ဆိုသောအသိကြောင့်ဖြစ်မည် ပြတင်းပေါက်ကိုကာထားတဲ့လိုက်ကာကိုဆွဲဖွင့်လိုက်ပြီး ပြတင်းပေါက်တံခါးကိုဆွဲဖွင့်လိုက်သည် မနက်စောစောဖြစ်တာကြောင့်သိပ်တော့မပူသေးပေ

'ဟင်'

မိုး တစ်ယောက်အပြေးလေ့ကျင့်နေသည်

'ဝေ့ အစောကြီးပါလား'
'အာ.. တီချယ် မောနင်းပါ'
'မောနင်း ဒီနေ့တော့အစောကြီးနိုးပြီးလေ့ကျင့်ခန်းတွေဘာတွေလုပ်နေပါလား'
'ဟုတ်တယ်တီချယ် ဘာလို့မှန်းမသိအစောကြီးနိုးနေတာ အဲ့တာပြန်အိပ်လို့မရတာနဲ့ လေ့ကျင့်ခန်းလေးလုပ်နေတာ'
'ဟုတ်ပါပြီ အရမ်းမြန်မြန်မပြေးနဲ့နော် ချော်လဲမယ်'
'ဟုတ်တီချယ်'

မိုးလဲနောက်ထပ်၁၀မိနစ်လောက်ပဲလေ့ကျင့်ခန်းလုပ်ပြီးအိမ်ထဲပြန်ဝင်ခဲ့တယ်

'မမ မောနင်း...'

ထမင်းစားပွဲကနေမိုးကိုလှမ်းနှုတ်ဆက်တဲ့မိုးပွင့်

'မိုးလေးအတွက် အန်တီ ပေါင်မုန့်ကြက်ဥကြော်လုပ်ပေးထားတယ် ကော်ဖီကတော့အေးသွားမှာစိုးလို့ဖျော်မထားရသေးဘူး စားတော့မလား စားမယ်ဆိုအန်တီဖျော်လိုက်တော့မယ်'
'ရေအရင်ချိုးလိုက်ဦးမယ်'
'အင်း'

ချွေးကြောင့်ဆံပင်တွေစီးထန်းနေတာမို့ခေါင်းပါလျှော်လိုက်တယ် နွေရာသီကျောင်းပိတ်ရက်တော်တော်များများကိုကစားရင်းကုန်ဆုံးပြီးပြီမို့ ၉တန်းအတွက်စာကြိုသင်ရတော့မည် ဖေဖေက မိုးအတွက်တီချယ်တစ်ယောက်ငှားပေးထားသည်ဟုဆိုသည်

'စားတော့မလား မိုး'
'အင်း'

ထမင်းစားပွဲမှာဝင်ထိုင်ရင်း အသင့်ပြင်ပေးထားတဲ့ပေါက်မုန့်ကြက်ဥကြော်လေးကိုဖဲ့ကာပါးစပ်ထဲထည့်လိုက်သည်

'ခစ်ခစ်ခစ်'

မိုးကိုကြည့်ရင်း မိုးပွင့်ကလက်ကလေးအုပ်ပြီးတခစ်ခစ်နဲ့ရယ်နေတယ်

'ဘာလို့ရယ်နေတာလဲ'
'မမက အာလာဒင်ကားထဲကလိုခေါင်းပေါင်းထားတာချစ်ဖို့ကောင်းလို့'

ခေါင်းလျှော်ထားတာမို့ ဆံပင်က်ုခြောက်အောင်ပဝါနဲ့ပက်ထားတာကို သူ့မျက်လုံးထဲခေါင်းပေါင်းပေါင်းထားတယ်လို့မြင်နေတဲ့ပုံပဲ

တွဲသောလက်မြဲစေ မြဲသောလက်ခိုင်မာစေWhere stories live. Discover now