Ep-5(uni+zawgi)

1.3K 140 5
                                    

'ညီမ'
'ဪ'

မိုးရိပ်ရဲ့stepmomဖြစ်သူအမျိုးသမီး

'အိမ်မှာမုန့်လုပ်စားလို့လာပို့ပေးတာ'
'ဟုတ်ကဲ့ ကျေးဇူးပါ'
'ပန်းစိုက်နေတာလား'
'ပန်းစိုက်တယ်ရယ်တော့မဟုတ်ပါဘူး ဟိုဆွဒီဆွပေါ့ အိမ်ထဲဝင်လေ ကျွန်မတစ်ခါတည်းပန်းကန်လှယ်ပေးလိုက်မယ်'
'အင်း'

'ခဏထိုင်ဦးနော် ပန်းကန်လှယ်လိုက်ဦးမယ်'
'ကြည်ပြာနဲ့ကြီးကြီးဌေးရော'
'အပြင်သွားတယ်'
'ဪ... ဒါနဲ့ညီမကလဲဆရာမဆို'
'ဟုတ်ပါတယ်
'ဘယ်အတန်းတွေကိုသင်တာလဲ'
'အထက်တန်းတွေကိုပါ bioနဲ့math သင်ပေးတာ'
'ဒါဆို မိုးလေးကို ကျူရှင်သင်ပေးလို့ရမလား'
'ရတာတော့ရပါတယ် ဒါပေမဲ့ကျောင်းပိတ်ထားတာဘယ်လောက်မှမကြာသေးဘူးလေ ကလေးကိုခဏအနားယူပါစေဦး'
'အင်း...'
'ဒီမှာပါ ပန်းကန် မုန့်အတွက်ကျေးဇူးပါနော်'
'အမကသာကျေးဇူးတင်ရမှာပါ တစ်နေ့ကကိစ္စအတွက်တကယ်ကျေးဇူးတင်ပါတယ်'
'ရပါတယ် ဖေးမမဲ့သူမရှိတဲ့ကလေးဘက်မှာနေပေးပြီးအားဖြစ်စေရုံပါ'
'ညီမအမြင်မှာအမက မကောင်းတဲ့မိထွေးတစ်ယောက်ဖြစ်နေမယ်လို့ထင်တယ် အမကမိခင်ကောင်းတစ်ယောက်ရယ်တော့မဟုတ်ပေမဲ့ ဆိုးသွမ်းတဲ့မိခင်တစ်ယောက်မဟုတ်တာကိုတော့အာမခံနိုင်ပါတယ် အိမ်နီးချင်းတွေဖြစ်နေပြီပဲ တစ်ယောက်အကြောင်းတစ်ယောက်လေ့လာကြတာပေါ့'
'အင်း'
'ယဥ်ယဥ်သန်းပါ ကြည်ပြာခေါ်သလိုအမယဥ်လို့ခေါ်လဲရပါတယ်'
'ဟုတ်ကဲ့ မှုံရီချယ်ပါ'

မိုးရိပ်က သီးသန့်နေရတာကြိုက်သည်အသုံးအဆောင်တွေဆိုလဲအဲ့လိုပဲ ဒါကြောင့် မိုးအတွက်သီးသန့်tvနဲ့ သီးသန့်ရေခဲသေတ္တာအသေးလေးတွေလဲ မိုးရဲ့အခန်းထဲမှာမိုးအတွက်သီးသန့်ထားပေးထားသည်

'မမ'

မိုးtvကြည့်နေတုန်း အခန်းရှေ့ကနေလှမ်းခေါ်တဲ့ မိုးပွင့်က တံခါးအကွယ်ကနေ မိုးမြင်အောင်ကိုခေါင်းလေးပေါ်ရုံသာဖော်ထားပြီး

'မမ ဘယ်မှာလဲ ဘာလို့မီးပိတ်ထားတာလဲ'

မိုးကအခန်းကိုမီးပိတ်ထားသည်မို့ မိုးဘယ်မှာလဲအပြင်ကလူကမမြင်နိုင်

'ဘာလဲ'
'မီးမီး ဝင်လာခဲ့လို့ရမလား'
'မလာနဲ့'
'မီးမီးပြောစရာရှိလို့ပါ'
'အဲ့ကနေလှမ်းပြော ငါ့အခန်းထဲတော့ဝင်မလာနဲ့'
'ဟိုတစ်နေ့ကမီးမီးကြောင့်မမအရိုက်ခံလိုက်ရတာတောင်းပန်ပါတယ်'
'မလိုပါဘူး ဖြစ်ပြီးသွားပြီပဲ'
'မမ မီးမီးကိုစိတ်ဆိုးနေလား'
'နင့်ကိုစိတ်ဆိုးစိတ်ကောက်ဖို့အထိငါအားယားမနေဘူး'
'မီးလေ ဖေဖေ့ကိုမခေါ်ဘူးသိလား မမကိုရိုက်လို့သူ့ကိုစိတ်ကောက်ထားတယ်'

တွဲသောလက်မြဲစေ မြဲသောလက်ခိုင်မာစေWhere stories live. Discover now