Ep-4(uni+zawgi)

1.4K 200 7
                                    

သူငယ်ချင်းနှစ်ယောက်tvရှေ့မှာလှဲကာရုပ်ရှင်ကြည့်ရင်း နေ့လည်ခင်းပူပြင်းတဲ့အချိန်ကိုအတူတူကုန်ဆုံးနေကြတယ် ဆိတ်ပါးစပ်လိုအမြဲဝါးနေတဲ့ကြည်ပြာ့ကြောင့်ယူထားတဲ့မုန့်တွေကရုပ်ရှင်တောင်တစ်ဝက်မရောက်သေးခင်အကုန်ကုန်သွားလေပြီ ချယ် မုန့်ထပ်ယူဖို့မီးဖိုခန်းထဲရောက်ခဲ့တယ်
မုန့်ထားတဲ့ခြင်းထဲမှာရော ရေခဲ သေတ္တာထဲကရေခဲချောင်းတွေရော ရေခဲမုန့်တွေရောတစ်ခုမှမရှိတော့ပေ

'ကြည်ပြာ ကြည်ပြာ'
'ဟေ'
'ရေခဲသေတ္တာထဲကမုန့်တွေရော ပြီးတော့ရေခဲမုန့်တွေရော'
'အဲ့အထဲမှာမတွေ့ဘူလား'
'မတွေ့ဘူး'
'မတွေ့ရင်ကုန်သွားလို့ပေါ့'
'ဪ အေး'

Tv ရှေ့ပြန်ဝင်ထိုင်ကာ

'သွား နင်မုန့်သွားဝယ်ဦး'
'မသွားချင်ဘူး နေတွေပူနေတာကို'
'ထီးဆောင်းသွားဟယ်'
'မသွားဘူးဟယ်'
'နင်ဆိတ်ပါးစပ်လိုမရပ်မနားဝါးနေလို့မုန့်တွေရုပ်ရှင်တောင်တစ်ဝက်မကျိုးသေးဘူးမုန့်ကကုန်သွားတာ သွားလို့'
'မသွားဘူး'
'နင်ငါဝယ်လာရင်မစားနဲ့နော်'
'မစားဘူး
'ပြီးတာပဲ'

သူငယ်ချင်းဖြစ်သူအိမ်ထဲကနေထွက်သွားတော့မှ

'မကျွေးပဲနေနိုင်တာလဲမဟုတ်ပဲနဲ့
ဘာတွေဝယ်လာဦးမလဲမသိဘူး စားရချည်ရဲ့'

ကြည်ပြာ့ကိုစိတ်တိုတိုနဲ့ ပါးစပ်ကလဲပွစိပွစိရေရွတ်ရင်းလျှောက်သွားလိုက်တာမုန့်ဆိုင်ကိုခဏလေးနဲ့​ရောက်သွားခဲ့တယ်

'တစ်ယောက်ထဲလား ကြည်ပြာရောမပါဘူးလား ချယ်'
'ဟုတ်တယ်အန်တီအိ အဲ့မိန်းမအပျင်းထူပြီးလိုက်မလာတာ'

ကောင်တာခုံပေါ်မှာရှိနေတဲ့ ပိုက်ဆံအိတ်လေးတစ်အိတ်

'အိတ်လေးကချစ်စရာလေး'
'မိုးလေးရဲ့အိတ်လေ ခုနကမုန့်ဝယ်သွားတုန်းကမေ့ကျန်ခဲ့တာ'
'ချယ့်ကိုပေးလိုက် ချယ်ဝင်ပေးလိုက်မယ်'
'အေးအေး ပေးပေးပါဦးကွယ်'
'သွားပြီနော်အန်တီအိ'
'အေးအေး'

မနက်တည်းကပျောက်နေတဲ့ကလေးမကိုအခုမှ တံတားပေါ်မှာတွေ့ရတော့တယ် ဝတ်စားထားပုံအရအပြင်သွားပြီးပြန်လာတာဖြစ်မည် သူမလေးကချယ်နဲ့စတွေ့တဲ့နေ့တုန်းကလိုငါးစာကျွေးနေပြန်သည်
ချယ် အိတ်ထဲကနေရေခဲချောင်းလေးတစ်ချောင်းထုတ်ကာ သူမလေးရဲ့ပါးမှာကပ်လိုက်သည်

တွဲသောလက်မြဲစေ မြဲသောလက်ခိုင်မာစေWhere stories live. Discover now