Ep-3(uni+zawgi)

1.3K 156 0
                                    

'ဘာဖြစ်တယ်'
'ခေါက်ဆွဲ ဆီချက်ကိုအဖက်ပဲထည့်မယ် ငရုပ်သီးပိုထည့် နံနံပင်မထည့်ဘူး ဘူးသီးကြော်ကိုအဆံထုတ်မယ်'
'ဘာ!'

ကြည်ပြာတစ်ယောက်မနေ့ကချယ်နဲ့အတူပွဲစျေးမှာစားချင်တာစားပြီးဒီမနက်ဥယျာဥ်မှူးဖြစ်နေတာခုထိအိမ်သာကထဲမထွက်နိုင်သေး ဒါကြောင့်မနက်စာခေါက်ဆွဲကို ချယ်တစ်ယောက်ပဲသွားဝယ်ရမည် ဒါကို ကြည်ပြာကသူစားမည့်ခေါက်ဆွဲထဲမစားသည့်အရာတွေကိုမှာနေသည်မှာချယ့်ခေါင်းကိုမူးဝေစေသည်

'ကြည်ပြာစားနေကျအတိုင်းခေါက်ဆွဲတစ်ပွဲလို့သာပြောလိုက်'
'အစတည်းကအဲ့လိုပြောရင်ပြီးတာပဲကို ငါသွားပြီနော်'
'အေး'
'ငါတံခါးပိတ်သွားမယ်နော်'
'အေး'

ကြီးကြီးကတစ်ပတ်ကို၄ရက်တရားစခန်းသွားသည်မို့ဒီနေ့ရယ်နောက်ထပ်၃ရက်ရယ် ကြီးကြီးဌေးအိမ်မှာမရှိ ဒါကြောင့်စားဖို့သောက်ဖို့ကို ချယ်တို့ဘာသာစီစဥ်ရတော့မည်
ခြံတံခါးသော့ခတ်နေရင်း နားထဲစက်ဘီးဒေါက်ဖြုတ်သံကြားရလို့လှည့်ကြည့်လိုက်တော့မျက်စောင်းထိုခြံထဲကနေစက်ဘီးလေးတွန်းကာထွက်လာတဲ့ မိုးရိပ်ညိုဆိုသောကလေးမလေး ချယ့်ကိုမြင်သွားတော့ ခေါင်းငုံ့ကာနှုတ်ဆက်သည်

'မင်္ဂလာမနက်လင်းပါ'
'ဟုတ်'

ချယ်ကအရမ်းတက်ကြွနေသော်လည်းသူမလေးကတည်ငြိမ်နေသည် ချယ်သူမလေးနားလျှောက်သွားလိုက်ကာ

'အခုမှနိုးတာလား'
'ဟုတ်'
'မနက်စာသွားစားမလို့လား'
'ဟုတ်'
'တစ်ယောက်ထဲသွားမှာလား'
'ဟုတ်'
'တို့ကိုဟုတ်ပဲပြောတော့မှာလား'
'ဟုတ် အာ မဟုတ်ပါဘူး အဲ့ဘက်ကတီချယ်မေးတဲ့မေးခွန်းတွေနဲ့အလိုက်ဖက်ဆုံးအဖြေက ဟုတ် မို့လို့ ဟုတ်လို့ဖြေတာပါ'
'ဟုတ်ကဲ့တို့ ဟုတ် တစ်ယောက်ထဲတို့ဘာတို့အပိုစကားလေးထည့်ပြီးဖြေလို့လဲရပါတယ်'
'ဟုတ်တစ်လုံးတည်းနဲ့လဲ မိုးပြောချင်တာကိုတစ်ဖက်လူကနားလည်တာပဲ မိုးကစကားကိုလိုတာထက်ပိုမပြောတက်လို့ပါ'
'ဒါဆိုလဲ စကားကိုလိုတာထပ်ပိုမပြောတက်တဲ့ကလေးမ တို့ကိုမင်းစက်ဘီးနဲ့တင်ခေါ်သွားလို့ရမလား'
'မရဘူး'
'ဟင် ဘာလို့လဲ'
'တီချယ်ဘယ်သွားမှာလဲဆိုတာ မိုးမသိဘူးလေ သွားမဲ့လမ်းကတစ်လမ်းစီဖြစ်နေရင်ရော'
'ကလေးကဘယ်ကိုသွားမှာလဲ တို့ကခေါက်ဆွဲဆိုင်'
'မိုးလဲခေါက်ဆွဲဆိုင်'
'ခေါက်ဆွဲဆိုင်သွားမှာအတူတူပဲဆိုတော့...'

တွဲသောလက်မြဲစေ မြဲသောလက်ခိုင်မာစေWhere stories live. Discover now