အပိုင်း{၂}

2.3K 234 147
                                    

မေတ္တာဋီကာကို အစချီရာဝယ်..
မေတ္တာရေယဥ်ကြောမှာ စီးမျောရင်း
ခရမ်းနုရောင် တိမ်တိုက်များကိုဖမ်းဆုပ်ခြင်းနှင့်အစပြုလေတယ်..

****

အချိန်အားဖြင့် ညနေ နေဝင်ချိန်.  .  .

မည်းလိပ်သော တိမ်လိပ်များသည် အနောက်တောင်ထောင့်မှ တရွေ့ရွေ့တက်လာနေလျက် နေဝင်ချိန်လိမ္မော်ရောင်ကောင်းကင်အား ဖုံးလွှမ်းသွားသည်။

ဂျီမင်း မည်းညို့နေသော ကောင်းကင်အား ကြည့်၍ သက်ပြင်းချလိုက်သည်။

ဒီလိုပုံစံမျိုးနဲ့ သူ ဘယ်လိုများ အပြင်ကိုထွက်ရပါမလဲ။
မိုးကမရွာသေးသော်လည်း
သွားရင်းတန်းလန်း မိုးမိမှာ ကြောက်သည်။
ပြောရရင် ဂျီမင်းသည် မိုးရေနဲနဲလောက် မစို လိုက်နှင့်
အဖျားအလွန်တက်, တက်သည်။
ဒါဟာ ကလေးငယ်စဥ်ဘဝက မိဘများ မိုးရေထဲမှာ ထားရစ်ခဲ့စဥ်တည်းက ရရှိခဲ့သော အမွေအနှစ်လေးပင်။

သူ့မှာ မိဘနှစ်ပါးရှိနေလျက်နှင့် အထားရစ်ခံခဲ့ရကာ
လက်ရှိတွင် အဒေါ်နှင့်နေထိုင်နေတာပင်ဖြစ်၏။

ဂျီမင်း မိုးတိမ်မည်းတွေအားကြည့်ကာ
သက်ပြင်းချနေတုန်း ​​အဒေါ့်ဆီမှ စကားသံကြားလိုက်ရသည်။

" ဂျီမင်း သား~ မသွားသေးဘူးလား''

စကားနှင့်တပြိုက်နက် အစိုးမရသော သူမ ,၏ လက်အစုံက ဂျီမင်း ခေါင်းထက်က ဆံပင်လေးများကို သပ်တင်ပေးနေခဲ့သည်။

" စဥ်းစားနေတာ ဒေါ်ဒေါ် ရဲ့ ၊ မသွားရမလား သွားရမလား''

ဂျီမင်း အင်္ကျီစကို နှစ်ဖက်နှင့် လုံးခြေ၍ ထိုသို့ပြောသည့်တိုင်
ဒေါ်ဒေါ့်၏ လက်အစုံက သူ့ခေါင်းထက်မှ မဖယ်ခွါသေးပေ။

မိုးသက်လေများ ဝင်ရောက်လာသောအခါ
ဝတ်ထားသည့် ရှပ်အင်္ကျီအပြာလေးဟာ လွှင့်ခါနေလျက်ရှိသည်။
ထို့အတူ ဒေါ်ဒေါ့်ဆီမှ တန်ပြန်စကားသံဟာလည်း မိုးသက်လေကိုကျော်ဖြတ်၍ ဝင်ရောက်လာ၏။

မေတ္တာဋီကာ [ Completed ] Where stories live. Discover now