စံပယ်တွေက ဆူးမရှိဘူး။
ဒါပေမယ့် ကျွန်တော် စူး ခဲ့တယ်။သတ္တမစာကြောင်းတွေမှာ သည်လိုဖော်ပြခဲ့၏။
*****
" ဆရာ့စိတ်တွေ တအားရှုပ်ထွေးနေလို့ ဖက်ထားပါရစေ ကလေးလေး''
ဂျီမင်း တှုပ်တှုပ်မျှမလှုပ်။အဘယ်သို့မျှ ပြန်အဖြေမပြုမိပေ။
လိုက်နာစွာဖြင့်သာ
ဆရာ၏ ရင်ခွင်ထဲ နောက်တစ်ကြိမ် ဝင်တိုးမိပြန်သည်။ဆရာ့ရင်ခွင်က တကယ့်ကို စံပယ်ပန်းရုံလေး. .။
စံပယ်တွေလှိုင်အောင်ပွင့်တဲ့ ပန်းရုံလေး၊ ဤ ပန်းရုံလေးထဲ
ကျွန်တော်ဟာ ရူးရူးမိုက်မိုက်ကို တိုးဝင်မိတော့မယ့် ပျားပိတုန်းလေးလိုမျိုး..။ ပျံမယ်၊ ဝဲမယ်၊၊အချစ်ဟာ နွံဆိုရင်
ဆရာဟာ ကျွန်တော် ဘယ်တော့မှ ရုန်းမထွက်နိုင်တော့မယ့်
အချစ် နွံ။နစ်စမ်းပါစေ။ရုန်းမရဖြစ်နေစမ်းပါစေ။
ရဲရဲကြီး နစ်မြှုပ်မိချင်လို့။ပြတင်းတံခါးမှ ခပ်အေးအေးလေများ ဝင်ရောက်လာသောအခါ
လိုက်ကာစတွေက လွှင့်ခါကုန်သည်။ တဆက်တည်း ဆံပင်ဆံစ,လေးများသည်လည်း တို့အတူ လွှင့်ခါနေလျက်ဖြင့်၊
အတိုင်းမသိသော ရင်ဘတ်ဆီမှ အသံတစ်ချို့သည် ဆူညံနေလေ၏။ယင်း ဆူညံမှု အပြင်သို့ ပျံ့လွှင့်မသွားရန် အလို့ငှာ
ဂျီမင်း ထိန်းချုပ်နေရသည်။ ဤသည်အား အဓိကအားဖြင့်
ဆရာ သိမှာစိုးသည်ကြောင့်။သို့သော်ငြား ဆရာ့ထံပါးမှ ဤသို့သောစကားမေးအား
မေးလာ၏။၎င်းအမေးသည် ဂျီမင်းရင်အား ပို၍ ပို၍ ထပ်ဆင့်ခုန်စေသည်။" ဘာလို့ ရင်တွေအရမ်းခုန်နေတာလဲ ကလေးလေး''
ဆရာဂျောင်ကုသည် ယင်းသို့ မေး၍ ဂျီမင်းကိုယ်ငယ်အား
ရင်ခွင်ထဲမှ အသာအယာ ဆွဲခွာသည်။
အစိုးမရသော လက်နှစ်ဖက်သည် ကလေးငယ်၏
ပခုံးထက် နေရာယူထားပြီးနှင့်ပြီ။
![](https://img.wattpad.com/cover/360767420-288-k211371.jpg)