အပိုင်း{၉}

1.6K 159 203
                                    

အဖြူရောင်လေးကို ကာလာလေးဆိုး

******


ဂျီမင်း အတိုင်းမသိသော ခံစားချက်တစ်ခုကြောင့်
အထိုမြင်ကွင်းဘက်မှ သွေဖယ်၍ အခြားသို့လှည့်ပစ်လိုက်သည်။

ဒါပေမယ့် ဆရာ့ကိုတော့
ဘယ်တော့မှ ကျောခိုင်းပစ်မည်မဟုတ်ပါဘူး။

ဒီကလေးလေး ဘယ်လောက်ပဲ ခံစားမိရပါစေ။
နောက်ဆုံး ဆရာကိုယ်တိုင်ကပဲ တွန်းထုတ်ပစ်ခဲ့ပါစေ။
ဘယ်လိုမှ၊ ဘယ်တော့မှ ဆရာ့ရဲ့ နံဘေးက ထွက်သွားမပေးဘူး။

အကယ်၍ စည်းတွေက အရေးပါလာခဲ့ရင်
ကျွန်တော်ကိုယ်တိုင်ပဲ အဲ့စည်းတွေကို ခြေဖျက်မယ်။
တကယ်က ဆရာကိုယ်တိုင်ကပဲ စည်းတွေမပျက်ပျက်အောင် လမ်းကြောင်းခဲ့တာ. .ဆရာကိုယ်တိုင်တော့သိမယ်မလား။

တွက်နေဆဲ ပုစ္ဆာတစ်ခုမှာ
တိတိကျကျ ရမယ့် အဖြေတစ်ခုရှိခဲ့တယ်။
အဲ့ဒါ ဆရာ့ကို ဘယ်တော့မှ လက်မလွှတ်ဘူးတဲ့။
ဒီကလေးလေး သိပ်ရူးနေပြီ ဆရာရဲ့။

အဲ့တာဘာကြောင့်လည်း?
ဆရာကပဲ ရူးအောင်၊ စကားတွေနဲ့ ရင်တွေပြောင်းဆန်အောင် လုပ်ပစ်ခဲ့တာလေ။

ဆယ်ကျော်သက် သစ်ရွက်လှုပ်ရင်တောင်
ရင်ခုန်တဲ့ဒီအရွယ်ကောင်လေးကလေ ဆရာနဲ့တွေ့မှပဲ သစ်ရွက်ကလှုပ်ရုံတင်မဟုတ်ဘူး။ ကြွေပါကျသွားတာ။

ဝန်ခံပါရစေ။
ကျွန်တော် ဆရာ့ကို ရင်ထဲက နှင့်နေအောင် ချစ်တယ်။

ဒါကို တစ်နေ့တော့ ဆရာ တိတိကျကျ သိလာရပါလိမ့်မယ်။
အဲ့အချိန်တစ်ခုထိ ဆရာ့နံဘေးမှာ ကျွန်တော်ရှိနေရအုံးမယ်မလား။

ဂျီမင်း ကျောခိုင်းထားပစ်​၍ မမြင်ရသည်ဆိုသော်ငြား
စကားသံများကိုတော့ ကြားနေရသည်။
ဤမှာ အထိုသို့ဖြစ်ကြ၏။

" နမော်နမဲ့ နဲ့. ..မင်းဟာလေ ဘွားတော်အရွယ်ရောက်တော့မှာတောင် ခုထိ အရာအရာ ပေါ့ပျက်ပျက် လုပ်တုန်း''

ဂျောင်ကု အထိုသူမ၏ လက်အား ပြောပြောဆိုဆိုဖြင့် လွှတ်ပြီးလိုက်ပြီဖြစ်သည်။
ဤသည်မှာ တစ်သက်လုံးစာအတွက် လွှတ်ပေးလိုက်ခြင်းမည်ခဲ့သည်။

မေတ္တာဋီကာ [ Completed ] Where stories live. Discover now