အပိုင်း{၁၀}

1.6K 156 231
                                    

ဋီကာရဲ့ နဝမ စာကြောင်းတွေမှာ

ထပ်တူကျခဲ့သော နှုတ်ခမ်းများနှင့်. . .

မဟူရာည နာရီသံများဟာ သိပ်ကိုလှခဲ့လေသတဲ့

*****
"

ဒါ ကျောင်းနောက်ကျလို့ အပြစ်ပေးတာ
မကျေနပ်ရင် ဆရာ့ပါးကို ပြန်နမ်းနိုင်တယ် ကလေးလေး''

လူကို ရင်တွေခုန်၊ အသည်းနှလုံးကြီး ပြောင်းဆန် ကမောက်ကမဖြစ်အောင် ၊၊ အမျိုးမျိုး လုပ်နိုင်စွမ်းရှိတယ်။

ဒီချစ်ခြင်းကို ဆရာကပဲ အရင်စခဲ့တာ။
ကျွန်တော်ကတော့ ရဲရဲကြီး တိုးဝင်ပစ်မယ်။

အချစ်အကြောင်း မနူးမနပ်သေးတဲ့ အရွယ်လေးမှာ
စိတ်လှုပ်ရှားအောင် လုပ်ခဲ့တာ ဆရာပါပဲလေ။

ဂျီမင်း ဆရာ့၏ အပြုအမူ ၊ သို့တည်းမဟုတ် နောက်ပါးဆီမှ ကပ်လျက်စကားကြောင့် ကိုင်ထားသည့် ခွက် မျက်နှာပြင်သို့သာ
လက်ချောင်းများဖြင့် တင်းကြပ်ဆုပ်ကိုင် ခိုင်းစေမိခဲ့သည်။

ဆရာ့မျက်နှာကိုလည်း မော့မကြည့်ရဲဘူး။ အသို့ကြောင့် နှုတ်ခမ်းကိုဖိကိုက်ကာ ခေါင်းကို ငုံ့ချမိ၏။

ဆရာပြောခဲ့သလိုပဲ
ကျွန်တော့် နှလုံးသားက ဒီလို မြည်တယ်။

ဆရာ ဆရာ. . .တဲ့။
အချစ်ဝဲဂယက်မှာ နစ်မြှုပ်နေပါပြီဗျာ။

ဂျီမင်း မည်သို့မျှ အဖြေမပြုမိ။
ဤကြောင့် ၎င်းအခြေအနေသည် တိတ်တိတ်ဆိတ်ဆိတ်ဖြစ်သွားဟန်ရှိချေသည်​။

အသို့ရာတွင် ဆရာကပဲ ယင်းအခြေအနေအား သြရှရှလေသံဖြင့် စတင်ဖြိုခွဲသည်။၎င်းစကားကြောင့် ဂျီမင်း၏ ပါးနှစ်ဖက်နှင့်အတူ နားရွက်နှစ်ဖက်ဟာ ရဲခနဲ။ ထို့အတူ နှလုံးသားဟာ ဒိန်းခနဲ ။

" ငါ့ကလေးလေး.  . ရှက်သွားပြီထင်တယ်. . .ဟုတ်မှာပါလေ။ ဒါဖြင့်
စကားမစပ် ပါးလေးက အိနေတာပဲ သိလား''

ဆရာသည် ပြောလည်းပြော၊ ဂျီမင်း၏ ငုံ့ချနေသည့် မျက်နှာ​အနားသို့ ကပ်၍လာသည်။
လက်တစ်လုံးစာလိုတော့သည့် ဤ အနေအထားအကွာအဝေးကြား
ဆရာ့ဘက်မှ ဝင်လေထွက်လေ ပူနွေးနွေး အား ဂျီမင်း ခံစားမိသည်။ တပြိုင်နက် စံပယ်နံ့သင်းသော ဆရာ့ကိုယ်ခန္ဓာဟာ ထုံမွှေးဆဲဖြင့် အစိုးမရစွာ သူ့နှာခေါင်းထဲ ဝင်ထွက်စီးနင်းနေ၏။

မေတ္တာဋီကာ [ Completed ] Onde as histórias ganham vida. Descobre agora