။မေတ္တာဓာတ်ဖြင့် မင်းလေး နွေးစေ။

1.6K 131 73
                                    

အချစ်နဲ့ဘဝကို တည်ဆောက်မယ်. .
ပေးဆပ်ခြင်းနဲ့ရယူမယ်. .
စိတ်ချလိုက်ပါ ချစ်သူရယ်. .
​သေချာတဲ့အဖြေဟာ ကိုယ်နဲ့မင်းနဲ့ မခွဲတော့ဘူး. .

***
> မေတ္တာဋီကာ<

"စောစောစီးစီး ဘာလာလုပ်တာလည်း ငါ့အိမ်ကို''

ဂျောင်ကု ယင်းသို့ပြော၍ အရှေ့မှသူအား ကြည့်လိုက်သည်။ ဤတွင်
အလိုမကျဟန် မျက်ခုံးနှစ်ခုအား
တွန့်ချိုးထားသေးသည်။

၎င်းအမေးအား တဖက်မှ ပြန်ဖြေ၏။အထိုတွင် ရင်းနှီးသော စကားရပ်နှင့် စတင်သည်။

" ကိုယ့်သူငယ်ချင်းကိုယ် အဲ့လိုပြောရသလား၊၊''

ကိုနန်းကျော် ၎င်းသို့ ပြော၍ ချစ်လှစွာသော သူငယ်ချင်းကြီး၏ မျက်နှာအား ၊ မျက်စောင်းကျွေးလိုက်သည်။
{ ကိုနန်းကျော်= ကင်မ်နမ်ဂျွန်း }

ဂျွန်ဂျောင်ကုကြီး လူပျိုကြီးဖြစ်ခဲ့တာ မပြောနေနဲ့။အဆန်းမဟုတ်ဘူး။
ဒီကောင်က အမြဲ မှုန်ကုတ်။ တစ်လောကလုံးကို သူပဲ လုပ်ကျွေးနေရတာလိုလိုနဲ့ ကြွက်စုတ်။

အနုတ်စုတ်ဂုတ်သုတ်။

ဒီကောင်က ဂဏာန်းလိုကောင်!

" ပြောတယ်ကွာ၊ မကျေနပ်ရင် လှည့်ပြန်၊ တကယ်. . အိပ်ရေးပျက်တယ်''

ဂျောင်ကု ပြောရင်းဖြင့် တွန့်ကြေနေပြီးသော အင်္ကျီအား
လက်ဖြင့် ဆွဲချနေလျက်ရှိသည်။အမြဲ သပ်ရပ်နေတတ်သည့် ဆံပင်များက ဤနေရာတွင် ပြိုပျက်နေခဲ့သည်။
အိပ်ရာက ကမန်းကတန်း ထ,ခဲ့ကြောင်း ၎င်းကို ကြည့်ရုံနဲ့တန်းသိနိုင်၏။

သာသနာဖျက်ကြောင့် သူ့မှာ အိပ်ယာကနေ မနဲကုန်းရုန်းထခဲ့ရတာ အမှန်ပင်ဖြစ်သည်။
မဟုတ်ရင် သူ့မနက်ခင်းလေးက ကလေးလေးကို ရင်ခွင်ထဲ ထည့် ၊ နဖူးလေး နမ်းလိုက် ၊ပါးလေး နမ်းလိုက်၊ ဟော. .နှုတ်ခမ်းလေးရော နမ်းလိုက်နဲ့ သာယာနေရော။

ဒါမျိုး ဖီလင်ကို မရနိုင်တဲ့ သူတွေတော့ ဘယ်ခံစားတတ်ပါ့မလဲလေ။ အဲ့အတွက်လည်း စိတ်မကောင်းဘူး။

မေတ္တာဋီကာ [ Completed ] Where stories live. Discover now