အပိုင်း{၁၂}

1.7K 150 250
                                    


ဘဝမှာ အကြီးအမားဆုံးသော ဆုလာဘ်က နွေးထွေးမှုတဲ့
အချစ်ကနွေးတယ်

*****

" ဆရာ ဘာပြုလို့ မနက်အစောကြီး.  . အိမ်ကိုလာတယ်''

အခုမှ အိပ်ရာက ကုန်းရုန်းထလာပုံရသည့် ကလေးငယ်သည်
ဆံပင်များ ထောင်ပျံနေ၍ ချစ်စရာအသွင် အတိဆောင်သည်။
ညာဘက်လက်ထဲတွင်တော့ သွားတိုက်တံသည် နေရာယူ၍
ပါးစပ်အတွင်းသို့ ထည့်နေသော်ငြား ၊၊ တိုက်ခြင်း မပြုသေးပေ။

ဤသည်ထက်
သူလာသည်အား စူးစမ်းလိုစိတ်ပိုပြင်းပြပုံရသည်။
မျက်လုံးသေးသေးလေးက ဂဏှာမငြိမ် ဟိုဒီလှိမ့်နေသည်။

ဤကဲ့သို့ သူ့အား အစုန်ချီအဆန်ချီ ​စိတ်အတွင်းမှ မေးခွန်းထုတ်နေသည့် ကလေးငယ်အား အဖြေမပြုမီ
အရင်ဆုံး ကလေးငယ်အနား တိုးကပ်မိသည်။

အစေအခိုင်းမဲ့ သူ့လက်ချောင်းများသည်တော့
ကလေးငယ်၏ စာဗူးတောင်းအသွင် ငှက်သိုက်ခေါင်းမှ ဆံပင်များကြား ကူးလူးနေလျက်ရှိ၏။

နဖူးထက်ဖရိုဖရဲကျနေသော ဆံပင်တစ်ချို့အား
ဘေးသို့ အနည်းငယ် တွန်းဖယ်ပေးရင်း သည်လိုပြောခဲ့သည်။

" အချိန်က မစောတော့ပါဘူး ကလေးရဲ့
ဒီ အိပ်ပုတ်လေးကသာ အိပ်ယာထနောက်ကျနေတာ ၊ ဟိုမှာ နာရီကိုကြည့်~ ၇နာရီထိုးနေပြီ''

ဂျောင်ကု ယင်းသို့ ပြော၍၊ တိုင်ကပ်နာရီအား
ညွှန်ပြလိုက်သည်။ တပြိုင်နက် ကလေးငယ်ထံမှ
သူ၏ အပြောအား ပြန်လည်ချေပဟန်ရှိသည့် စကားသံထပ်ကြားရသည်။
၎င်းမှာ အနှီကလေးငယ်၏ ငြူစူစူအသံလေးနှင့် အစချီသည်။
ဤသည် မကျေမနပ်ဖြစ်ပုံလေးပါ ဆောင်ကျဥ်းသည်မို့
ကလေးငယ်ဟာ ခလေးသဖွယ် ခြေပါဆောင့်လိုက်သေးတာပင်။

" ၇နာရီ.  . ဒီလောက် စောတာကြီးကိုဗျာ ၊ ပုံမှန်လိုဆို ကျောင်းပိတ်ရက်တိုင်း ၉နာရီမှ ထတာဗျ..၊ ခုတော့ ဆရာ့ကြောင့်
အိပ်ရေးမဝတော့ဘူး၊၊ စာသင်လို့ အိပ်ငိုက်ရင်က ဆူသေးတယ်၊၊
ဆရာက အကျင့်ပုတ်တာမှ တအားကိုပဲ. .''

မေတ္တာဋီကာ [ Completed ] Where stories live. Discover now